တရားဝင် ငါးဖမ်း လက်မှတ် ခရိုင်တိုင်း ငါးဦးစီးမှူးလက်မှတ်ဖြင့် ထုတ်ပေးမည်

0
370

မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ ရောင်းချမည့် ရေထွက်ပစ္စည်းများအတွက် တရားဝင် ငါးဖမ်း လက်မှတ်( ဃအေခ့ ဃနမအင်ငခအေန) များကို ခရိုင်နှင့် တိုင်း ငါးဦးစီးလက်မှတ် များဖြင့် ထုတ်ပေးသွားမည်ဟု ငါးလုပ် ငန်းဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။


အဆိုပါ လက်မှတ်ကို ငါးလုပ်ငန်း ဦးစီးဌာန(ရုံးချူပ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီလာကြွယ်တစ် ယောက်သာ လက်မှတ်ထိုးခွင့်ရှိကာ ပါ ဝါလွှဲပြောင်းခွင့်လည်း ရှိသည်ဟု သိ ထားကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောပြ သည်။

 
လက်ရှိတွင် တိုင်းဦးစီးမှူး လက် မှတ်ဖြင့် စက်တင်ဘာလ ၁ ရက်က မြိတ် မှ ငါးရောင်းလှေ ၃ စီးဖြင့် ရနောင်းသို့ သွားရောက် ရောင်းချနေပြီဖြစ်ကာ ယင်း လက်မှတ်ဖြင့် အဆင်ပြေမပြေနှင့် Catch Certificate   တွင် လိုအပ်နေ သည့် အချက်အလက်များရှိ မရှိကို ငါး ရောင်းသည့်လှေများ ပြန်လာမှ သိရှိနိုင် မည်ဖြစ်ကြောင်း ဦးစန်းမောင်က ပြော ပြသည်။
” ခရိုင်ဦးစီးမှူးနှင့် တိုင်းဦးစီးမှူး တွေ လက်မှတ်ထိုးမယ်ဆိုတာကို ထိုင်း ကို အကြောင်းကြားပြီးသားပါ” ဟု ညွှန် ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြော သည်။
Catch Certificate  လျှောက် ထားမည့် ငါးသယ်ရေယာဉ်များအနေဖြင့် ငါးသယ်ရေယာဉ် ဂရန်၊ ရေယာဉ်လိုင်စင်၊ Export Declaration ၊ ကုန်ပစ္စည်း စာရင်း၊ ကုန်လွှဲပြောင်းမှုမှတ်တမ်း၊ ကုမ္ပဏီ၏ကတိဝန်ခံချက်၊ ငါးသယ် ရေယာဉ် ကြိုတင်ကြေညာလွှာနှင့် ပင် လယ်ပြင်ထွက်ခွာခွင့် အမိန့်တို့ပါရှိ ရမည်ဖြစ်ကြောင်း မြိတ်ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။