ဘိန်းစာမှုန့်ကျွေးပြီး အလုပ်ခိုင်းသည်ဟုဆိုကာ မီးသွေးဖောင်း လုပ်သားများ အလုပ်သမား ရုံးတိုင်

0
395

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာ အနီးရှိ မီးသွေးဖိုတစ်ခုမှ ထင်းခုတ် လုပ်သားများအား အလုပ်ရှင်ဖြစ်သူက ဘိန်းစာမှုန့်ကျွေးကာ အလုပ်ခိုင်းသည် ဟုဆိုကာ မြိတ်မြို့နယ် အလုပ်သမား ရုံးသို့ တိုင်ကြားရန်  စက်တင်ဘာ ၂ ရက်က မြိတ်မြို့သို့ ရောက်လာခဲ့သည်။


အဆိုပါ မီးသွေးဖို ထင်းခုတ် အလုပ် သမား ၆ ဦးသည် ၎င်းတို့၏ အလုပ် ရှင်က လုပ်ငန်းခွင်အတွင်း ဘိန်းစာမှုန့် ကျွေးပြီး အလုပ်ကို မတရားခိုင်းစေခြင်း၊ မိသားစုလိုက် ခိုင်းစေခြင်း၊ ကလေးငယ် များကိုလည်း ကျောင်းနေခွင့် မပေးခြင်း နှင့် လုပ်အားခကို အပြည့်အဝ မပေးခြင်း စသည်တို့အား မကျေနပ်သည့်အတွက် တိုင်ကြားရန် ရောက်လာခြင်း ဖြစ်သည် ဟု မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

 
၎င်းတို့သည် ထင်းခုတ်ထွက်ချိန် တွင် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရ သည်။
” အခု ကျွန်တော်တို့က အလုပ်ရှင် မသိဘဲ မြိတ်မြို့ကို ရောက်လာတာပါ၊ အလုပ်ရှင်ရဲ့ စက်လှေနှင့် သစ်ဖြတ်စက် တွေ ပါလာပါတယ်၊ ဒီရောက် ရောက် ချင်းပဲ (ကလွင်ကျေးရွာအုပ်စု) ကမ်း သာယာ ရွာမှာရှိတဲ့ ရာအိမ်မှူးနဲ့ အသိ သက်သေများကို အပ်လိုက်ပါပြီး၊ အလုပ် ရှင်ရဲ့ စက်လှေနှင့် စက်ပစ္စည်းတွေကို ခိုးယူလာတယ်ဆိုပြီး အမှုဖွင့်မှာ စိုးလို့ ပါ” ဟု လာရောက်တိုင်ကြားသည့် အလုပ် သမားများအနက် တစ်ဦးက ရှင်းပြသည်။