အသက် ၅၀ ကျော်အရွယ် အမျိုးသမီးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ

0
381

ကော့သောင်းမြို့ ပုလုံးတုံတုံး ကျေးရွာ စွယ်တော်လမ်းနေ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးထံမှ WY စိတ်ကြွဆေးပြား ၂၄ ပြား ဖမ်းဆီးရမိခဲ့သည်ဟု ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။


၎င်းနေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်စစ်ဆေး ရှာဖွေ ခဲ့ရာမှ ယင်းသို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရဲအုပ်အောင်ဇော်မင်းထွန်းက ဆိုသည်။စားဝတ်နေရေး အခက်အခဲကြောင့် တစ်ဆင့်ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ၎င်းအား ဆေးပြားတစ်ဆင့် ရောင်းခိုင်း သူမှာ အမျိုးသားနှစ်ဦး ဖြစ်သည်ဟု အမျိုးသမီး၏ ထွက်ဆိုချက်ကို ကိုးကား ပြောဆိုသည်။