မွန်တွင် လက်ကိုင်စက်လွှ ရောင်းချမှု ကြပ်မတ်မည်

0
406

မွန်ပြည်နယ်အတွင်း လက်ကိုင် စက်လွှ (Chain Saw)   များ အသုံးပြုနေ မှုကို ထိန်းချုပ်နိုင်ရန် ဩဂုတ်မှစပြီး စတင် စိစစ်လျက်ရှိကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ် သစ်တောရေး ရာဦးစီးဌာနထံမှ သိရသည်။
လက်ကိုင်စက်လွှများကို သက်ဆိုင် ရာ ခရိုင်သစ်တောဦးစီး၏ ခွင့်ပြုချက် ဖြင့် ရောင်းချရမည်ဖြစ်ပြီး အရောင်းဆိုင် များကို သစ်တောနှင့် စည်ပင်ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်ရမည်ဟု အထက်ပါ ဌာနမှ သိရသည်။ လက်ကိုင်စက်လွှအဝင် စာရင်း၊ အရောင်းစာရင်းနှင့် လက်ကျန်စာရင်း များကိုလည်း သက်ဆိုင်ရာခရိုင်၊ မြို့ နယ်သစ်တောဌာနသို့ လစဉ်တင်ပြရမည် ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဇွန်လခန့်က ညွန်ကြားထားသည်ဟု မွန်ပြည်နယ်သစ် တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦး မင်းသိန်းမြင့်က ပြောသည်။
ယင်းသို့စိစစ်ရန် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်နှင့် သစ်တောဌာနတို့ ပါဝင်သည့် ခရိုင်နှင့်မြို့နယ်အလိုက် ကြီးကြပ်ရေး ကော်မတီကိုလည်း ဇွန်လ အကုန်ခန့်ကတည်းက ဖွဲ့စည်းထားသည် ဟု သိရသည်။
မွန်ပြည်နယ်တွင် လိုင်စင်ပြုထုတ် ပေးထားသည့် လက်ကိုင်စက်လွှများမှာ သထုံခရိုင်တွင် ၃၈ လက်၊ မော်လမြိုင် ခရိုင်တွင် ၁၄၀ လက် ရှိပြီး  ရာဘာပင် များခုတ်လှဲ ဖြတ်တောက်ရာတွင် အများဆုံး အသုံးပြုနေကြကြောင်း သိရ သည်။ မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်သည် လက်ကိုင်စက်လွှ အသုံးပြုမှု အများဆုံးပြည်နယ်ဖြစ် ကြောင်း ပြည်နယ် သစ်တောဦးစီးဌာန ရုံးမှ သိရသည်။
သစ်တောဥပဒေ ပုဒ်မ-၄၂ (ဂ) အရ လက်ကိုင်စက်လွှ(Chain Saw)  များကို အသုံးပြုမည်ဆိုပါက သစ်တော ဦးစီးဌာနတွင် လိုင်စင်ပြုလုပ်ရမည်ဖြစ် ပြီး လိုင်စင်ပါ စည်းကမ်းချက် ၉ ချက် မလိုက်နာပါက သစ်တောဥပဒေ ပုဒ်မ -၄၀ (ဇ) ဖြင့် အရေးယူရမည်ဟု ပြည်နယ် သစ်တောဦးစီးဌာနညွှန်ကြား ရေးမှူးက ရှင်းပြသည်။