ပုလုံးတုံတုံးတွင် လေပြင်းကြောင့် နေအိမ်နှင့် တံတားတချို့ ပျက်စီး

0
421

ကော့သောင်းမြို့ ပုလုံးတုံတုံးကျေး ရွာတွင် စက်တင်ဘာ ၂ ရက်က လေပြင်း ကြောင့် နေအိမ်တချို့၊ ဂိုဒေါင်တစ်လုံးနှင့် တံတားများ ပျက်စီးခဲ့သည်ဟု ယင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
လေပြင်းကြောင့် လှိုင်းထန်ခဲ့သဖြင့် ကမ်းစပ်အနီးရှိ နေအိမ် ၄ ဆောင်၊ ဂိုဒေါင် ၁ လုံး၊ တံတားငယ် ၃ စင်း ပျက်စီးခဲ့ကြောင်း အထက်ပါ အုပ်ချုပ် ရေးမှူး ဦးဇင်ကိုဦးက ပြောသည်။” နေအိမ်ပျက်စီးသွားတဲ့ မိသားစု တွေကတော့ ဆွေမျိုးအိမ်တွေမှာ ယာယီ နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

 
ပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင် ရာက လာရောက်စစ်ဆေးသွားပြီး လက် ရှိ လိုအပ်သည့် အကူအညီများ ပေးသွား သည်ဟု နေအိမ်ပြိုကျပျက်စီးခဲ့သူ    ဦးထွန်းရှိန်က ဆိုသည်။
ပုလုံးတုံတုံး ကျေးရွာ သည် ၂၀၀၄ ခုနှစ်တွင် လှိုင်းကြီးသည့်အတွက် ပျက် စီးမှုများ ရှိခဲ့ဖူးသည်။