မြိတ်သစ်တောထွက် ပစ္စည်းဆိုင်များ သစ်ရောမျှောနှင့် အချင်တိုင် ခုတ်ယူခွင့်တောင်း

0
434

မြိတ်မြို့နယ်တွင် ဒေသအတွင်း အသုံးပြုနိုင်ရန် အိမ်ဆောက်ပစ္စည်းများ ဖြစ်ကြသည့် သစ်ရောမျှောနှင့် ချင်တိုင် များကိုခုတ်ယူခွင့်ပြုပါရန် ယခုအပတ် အတွင်း တိုင်းဝန်ကြီးချုပ်ထံ တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သစ် တောထွက် ပစ္စည်း အရောင်ဆိုင်ရှင် ဦးအင်ဖေထံမှ သိရသည်။


နိုင်ငံတော်မှ ယခုနှစ်တွင် သစ် ထုတ်ခွင့်တစ်နှစ် ရပ်နားလိုက်ခြင်း၊ တိုင်းဒေသကြီးအစိုးရမှ မီးသွေးထုတ်ခွင့် ပိတ်လိုက်ခြင်းနှင့် ဒီရေတောထင်းများ ခုတ်ယူခွင့်တားမြစ်လိုက်ပြီး နောက်ပိုင်း တွင် သက်ဆိုင်ရာဌာနများက မျှောနှင့် ချင်တိုင် ခုတ်ယူသူများကို ဖမ်းဆီးမှု များရှိလာနေသည့်အတွက် ယင်းလုပ် ငန်းများ အခက်အခဲနှင့် ကြုံတွေ့နေ ရကြောင်း သစ်တောထွက် ပစ္စည်း အရောင်းဆိုင်တစ်ချို့က ဆိုသည်။

myeik_forest_things
” တရားဝင်ထုတ်ယူခွင့်ရအောင် တင်ပြတောင်းဆိုရတာပါ အခွန်လည်း သွင်းပေးပါမယ်” ဟု သစ်တောထွက် ပစ္စည်း အရောင်းဆိုင်ရှင် ဦးအင်ဖေ က ပြောသည်။အဆိုပါ မျှောလုံးများနှင့် အချင် လုံးတို့ ကျွန်းစုမြို့နယ်အတွင်းရှိ ကံမော်၊ စက်ပု၊ ငမန်းချောင်းတောင်၊ မိုင်းသွေး၊ အုတ်ဖိုမော် ကျေးရွာတို့တွင် ထုယ်ယူ ရကြောင်း သစ်တော်ထွက်ပစ္စည်း အ ရောင်း ဆိုင်များမှ သိရသည်။မျှောတိုင်များသည် လုံးပတ်ပျမ်းမျှ ၁ ပေအောက်ရှိပြီး အချင်လုံးသည် လုံး ပတ် ပျမ်းမျှ ၃ လက်မ ခန့်ရှိကာ အရှည်အားဖြင့် ၁၀ ပေကျော်ခန့်ရှိကြောင်း သစ်တောထွက် ပစ္စည်းအရောင်းဆိုင်ရှင် တစ်ချို့က ပြောပြသည်။
သစ်ရောမျှောအလုံးရေ တစ်သိန်း နှင့် အချင် အလုံးရေ တစ်သိန်းလုံးတို့အား ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ထုတ်ယူ ခွင့်ပြုပေးရန် မြိတ်အခြေစိုက် သစ်တော ထွက်ပစ္စည်းအရောင်းဆိုင် ၂၉ ဆိုင်မှ လက်မှတ်ထိုး တင်ပြတောင်းဆိုသွားမည် ဟု ဦးအင်ဖေက ပြောပြသည်။မြိတ်မြို့နယ် သစ်တော ဦးစီးဌာန မှူးကမူ အချင်နှင့် မျှောလုံးတွေကို တရားဝင် ထုတ်လုပ်ခွင့်မရှိဟု ပြောသည်။
” ဖမ်ဆီးထားတာတွေကို လေလံ စနစ်နဲ့ အရောင်းဆိုင်တွေကို ပြန်လည် ရောင်းချပေးထားတာတွေ တော့ရှိပါ တယ်” ဟု သစ်တောဦးစီးမှူး ဦးသိန်း ထွန်းက ပြောသည်။
အဆိုပါ သစ်တောထွက်ပစ္စည်းအရောင်းဆိုင်များတွင် အိမ်မိုး ဓနိဖက်၊ ဝါး၊ ချင်လုံး၊ မျှောတိုင်နှင့် အိမ်တိုင် လုံးများကို ရောင်းချနေကြောင်း ယင်း ဆိုင်များမှ သိရသည်။ မြိတ်တွင် ဓနိဖက်၊ ဝါးအရောင်း ဆိုင်ခေါ် သစ်တောထွက်ပစ္စည်းအရောင်း ဆိုင် ၃၁ ဆိုင်ရှိကြောင်း မြို့နယ် သစ်တောဦးစီးဋ္ဌာနမှ သိရသည်။