ကြိမ်ချောင်းအနီးရှိ တရားမဝင် ခဲတူးလုပ်ငန်းများ၁၅ ရက်အတွင်း ပိတ်သိမ်းရမည

0
355

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန် ခွန်းကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာ အနီးရှိ တရားမဝင်ခဲတူး လုပ်ငန်းများကို ၁၅ ရက်အတွင်း ပိတ်သိမ်းရမည်ဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က ညွန်ကြားလိုက်သည်။


တရားမဝင်ခဲတူးလုပ်ငန်းများ ပိတ် သိမ်းရန်အတွက် တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှဝန်ကြီးများ၊ သတ္တု တွင်းဌာနမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးပြီးနောက် ထိုသို့ ညွန်ကြားလိုက် ခြင်း ဖြစ်သည်။” စာရင်းအရဆိုရင် လုပ်ငန်း ၁၀၀ နီးပါးလောက် ရှိနေတယ်” ဟု တိုင်း ဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။ အဆိုပါ တရားမဝင် ခဲတူးလုပ်ငန်း များကို အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံ ၂၀၀ နီးပါး လက်မှတ်ရေးထိုးကြ ပြီး ဇွန်လ ၈ ရက်က တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင် ကြားစာ အသနားခံစာဆိုင်ရာ စီစစ်ရေ ကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း ကြိမ်ချောင်းရွာသား အချို့ ထံမှ သိရသည်။

 
ယင်းကျေးရွာအနီးတွင် သတ္တုတွင်း လုပ်ငန်းမှ စမ်းသပ်လုပ်ကိုင်ခွင့်ပြုပေးထားသည့်ကုမ္ပဏီအချို့အပြင် စက်ယန္တာ ယားများနှင့် တရားမဝင်တူးဖော်နေကြ သည့် လုပ်ငန်း (ရေဆိုင်း၊ ကုန်ဆိုင်း) များလည်းရှိနေကြောင်း ကြိမ်ချောင်းရွာ သားအချို့က ဆိုသည်။
ခဲလုပ်ငန်းကို ၂၀၀၈ ခုနှစ်ခန့် က တည်းက လုပ်ငန်းငါးခု(ငါးဆိုင်း)ခန့် ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ရေဆိုင်းရောကုန်းဆိုင်ပေါင်း၇၀ ကျော် ခန့်ရှိကြောင်း ကြိမ်ချောင်းရွာသား ဦး ကျော်ဋ္ဌေးက ပြောပြသည်။
ချောင်းအတွင်းရှိ ရေအောက်ကြမ်း ပြင်အထိ ပိုက်ဖြင့်မြေများစုတ်ယူကာ ဝါးဖေါင်ပေါ်တွင် ခဲထုတ်ယူခြင်းကို ရေ ဆိုင်းဟုခေါ်ဆိုကြပြီး ချောင်းနံဘေးကုန်း ပေါ်ရှိ မြေသားများကို ရေပန်းများဖြင့် ထိုးချပြီးမှခဲထုတ်ယူခြင်းကို ကုန်ဆိုင်း ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

 
” ခဲတူးလုပ်ငန်းမှ စွန့်ပစ်မြေများ ကြောင့် ချောင်းအတွင်းရေများညစ်ညမ်း မှုရှိလာပြီး သောက်သုံးရေအဖြစ် သုံးလို့ မရတာ သုံးနှစ်ခန့်ရှိနေပါပြီ”  ဟု ဦး ကျော်ဋ္ဌေးက ပြောသည်။တရားမဝင် ခဲတူးလုပ်ငန်းများ ကြောင့် ချောင်းအတွင်း ရေများနောက်ကျိ နေကာ ရွာသားများ၏ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် သားငါးရှာဖွေခြင်းတို့ မလုပ် နိုင်တော့ကြောင်း ဝန်ကြီး ဦးမြင့်မောင် က ပြောပြသည်။
” ခဲတူးလုပ်ငန်းတွေက တောင်းဆို လာလို့ ပညာပေးအနေနဲ့ နှစ်ကြိမ်ခွင့်ပြု ပေးထားပြီးပြီ။ မဆုတ်သွားတဲ့အပြင် ပိုပိုပြီးတိုးလာတဲ့အတွက်ကြောင့် ပိတ် သိမ်းခိုင်းရတာပါ” ဟု ဝန်ကြီးက ရှင်း ပြသည်။

 
ကြိမ်ချောင်းရွာတွင် သတ္တုတွင်း ဝန်ကြီးဋ္ဌာနမှ ခဲတူးဖော်လုပ်ငန်းများ အတွက် တရားဝင်ခွင့်ပြုပေးထားသည့် ကုမ္ပဏီတစ်ခုရှိပြီး လုပ်ငန်းလုပ်ကွက် ၃ ကွက်၊ စမ်းသပ်လုပ်ကိုင်ခွင့် ပြုထား သည့် ကုမ္ပဏီ ၄ ခုတွင် လုပ်ကွက် ၁၃ ကွက်ရှိကြောင်း အမှတ်(၂)သတ္တုတွင်း လုပ်ငန်း မြိတ်မြို့ရုံးထံမှ သိရသည်။