မူးယစ်ဆေး ဝင်ရှာသည့်ကိစ္စ ဥပဒေအတိုင်းမဖြစ်ဟုဆိုကာ ကာယကံရှင် မကျေနပ်

0
427

ကော့သောင်းမြို့နယ် ရွှေပြည်စိုး ကျေရွာရှိ ဦးကျော်သူ၏နေအိမ်တွင် မူး ယစ်ဆေး ဝင်ရှာရာတွင် ဥပဒေနှင့်အညီ မဟုတ်ဟုဆိုကာ ကာယကံရှင်က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ဩဂုတ် လ ၂၆ ရက်က တိုင်ကြားခဲ့သည်။


ဦးကျော်သူ(ခ)ဇော်မင်းထိုက်သည် ပြီးခဲ့သည့် နှစ်က ကျင်းပသည့် ရွေး ကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် အတွက် ကော့သောင်းမြို့နယ် မဲဆန္ဒ နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
” အိမ်မှာ သစ်တိုသစ်စတွေ လွှနဲ့ ဖြတ်နေတုန်း ရုတ်တရက်ကားတစ်စီးနဲ့ လူ ၁၅ ယောက်၊ အနောက်မှာ ဆိုင်ကယ် ၃ စီးရောက်လာပြီး ဘာမှမပြောဘဲ ကျွန် တော့်ကို လက်ထိပ်ခတ်ပြီး အိမ်ပေါ်မှာ တက်ရှာတော့တာပဲ”  ဟု ဦးကျော်သူက ပြောသည်။
ရောက်ရောက်ချင်း အိမ်ပေါ်တက် ပြီး ယောက်ဖနှင့် ဝမ်းကွဲညီတို့ကိုလည်း ခြိမ်းခြောက် လက်ထိပ်ခတ်ခဲ့သည်ဟု ဦးကျော်သူက ပြောသည်။

 
” အမှန်ဆိုဝရမ်းပြရမယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်ဖြစ်၊ ရာအိမ်မှူး ဆယ်အိမ်မှူး ဖြစ်ဖြစ် ပါသင့်တယ်၊ ခုလို လုပ်တာက မိသားစု ဂုဏ်သိက္ခာ ကျ ဆင်းစေတယ်၊ အဖေနဲ့အမေဆို ခုထိ ထိတ်လန့်နေတုန်း၊ ဖြစ်စေချင်တာက မှားယွင်းတာဆိုလည်း ပြန်လည်ရှင်းပြ တောင်းပန်စေချင်တာ၊ ခုက ဘာမှမရှင်း ပြဘဲ ပြန်သွားတယ်”  ဟု ၎င်းက ဖွင့်ဟ သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကော့သောင်းမူးယစ်တပ်ဖွဲ့အား ဆက် သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် လုပ် ထုံးလုပ်နည်းအတိုင်း ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

 
” အဲ့ဒီနေ့က မူးယစ်ဆေးဝါး ရှာ ဖွေခွှင့် ၀ရမ်းအမှတ်-၅၀^၂၀၁၆ ပါ တယ်၊ မမေးလို့ ထုတ်မပြခဲ့တာပါ၊ ရပ် ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက နောက်မှာ လာနေချိန် အမှန်တကယ် တရားခံဖြစ်နေရင် လွတ်သွားမှာစိုးလို့ အရင်လက်ဦးမှု ရအောင်လုပ်တော့ ခုလို မျိုး ဖြစ်သွားတာပါ” ဟု သွားရောက် ရှာဖွေရာတွင် ပါဝင်ခဲ့သည့် မူးယစ် တပ်ဖွဲ့မှ ဒုရဲမှူးမြင့်ထွန်းက ရှင်းပြသည်။
မူးယစ်ဆေးဝါးဖမ်းသည့်အခါ ရန်ပြုနိုင်သည့် အခြေအနေ၊ လုံခြုံရေး အခြေအနေအပေါ် မူတည်ပြီး လက်ဦးမှု ရယူရသည်ဟု သိရသည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေ အခန်း-၅ ၊ ပုဒ်မ-၄၆ အရ အဖမ်းခံရမည့်သူက အသာတကြည် အဖမ်းမခံလျှင် ဖမ်းဆီး မည့်သူက ကိုယ်ထိလက်ရောက် ချုပ် နှောင်ဖမ်းဆီးနိုင်သည်။

 
ထို့ပြင် ဖမ်းဆီးခြင်းတွင် ခုခံလျှင် ဖြစ်စေ၊ အားထုတ်လျှင်ဖြစ်စေ၊ တိမ်း ရှောင် ထွက်ပြေးရန် အားထုတ်လျှင် ဖြစ်စေ ဖမ်းမည့်သူသည် ၎င်းအား ဖမ်းမိအောင်ပြုလုပ်ခွှင့်သင့်သမျှ နည်း မျိုးစုံကို လိုအပ်သလို ပြုလုပ် အသုံးပြု နိုင်သည်ဟု ဖော်ပြထားသည်။
ပုဒ်မ-၅၄ အရ တရားရုံး၏ အမိန့်နှင့် ၀ရမ်းမပါဘဲ ဖမ်းဆီးလျှင် ရဲ အရေးပိုင်မှု ကျူးလွန်ရာတွင် ပါဝင်သူ (သို့) ယင်းသို့ အမှုမျိုး ကျူးလွန်ကြောင်း တိုင်ကြားခံရသူ (သို့) စပ်ဆိုင်ပါဝင် ကြောင်းနှင့်ယုံကြည်လောက်သည့် သတင်းပေးခံရသူ(သို့) ပါဝင်သည်ဟု မသင်္ကာစရာ လုံလောက်သောအကြောင်း ရှိသူကို ဖမ်းဆီးနိုင်သည်ဟု သိရသည်။
” ရှာဖွေခွင့်အား ဒုရဲမှူးထက် မနိမ့် သည့် အဆင့်မှ ထုတ်ပေးခွင့်ရှိပြီး ၎င်း အဆင့် ကိုယ်တိုင်ပါလာလျှင် မလိုအပ် ကြောင်း၊ သို့သော် လည်း ရှာဖွေရာတွင် ၎င်းတို့ကိုယ်တိုင်နှင့်အတူ အသိသက် သေများလည်းပါရမည်ဖြစ်ကာ ခုခံခြင်း မရှိ၊ သက်သေခံပစ္စည်း မမိသေးသည့် အချိန် များတွင် လက်ထိပ်ခတ်ခွင့်မရှိ”  ဟု ကော့သောင်း ရှေ့နေများအသင်း ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးအောင်ဇာနည်စိုးမှ ရှင်းပြသည်။