ဖောက်ထွင်း လုယက်မှု များလာ သော်လည်း အမှုဖွင့်သူနည်း

0
398

မြိတ်တွင် ဖောက်ထွင်းမှု၊ လုယက် မှုများ ခပ်စိပ်စိပ် ဖြစ်လာသော်လည်း အမှုဖွင့် လာရောက်တိုင်ကြားသူ နည်း သေးသည်။
မြိတ်မြို့ပေါ်ရပ်ကွက်တချို့တွင် ခိုးဆိုး လုယက်မှုတွေ မကြာခဏ ဖြစ် ပေါ်နေပြီး ဖမ်းဆီးရမိသည့် တရားခံ များမှာ လူငယ်များ ဖြစ်ကြသည်ဟု ရပ် /ကျေး အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။


” ဆိုင်ကယ်မောင်းနေရင်း အနား ကပ် နောက်ရောင်ခံလိုက်လာပြီး အနီး ရောက်မှ ဖုန်း၊ ပိုက်ဆံအိတ်တွေကို လိုက် လုတာ အများဆုံးဖြစ်တယ်” ဟု မြို့သစ် ရပ်ကွက်နေ ဦးစိုးထိုက်က ပြောသည်။ဖုန်း၊ ပိုက်ဆံအိတ်စသည့်တို့ အလုခံရသည့် ဖြစ်စဉ်များတွင် မည်သူ မှန်း မသိတော့သည့်အတွက် အလုပ် ရှုပ်ခံကာ လာမတိုင်ခြင်းဖြစ်နိုင်သည်ဟု မြိတ်မြို့မရဲစခန်းမှူးက ပြောသည်။

 

” တချို့ ကြီးကြီးမားမား ဖောက် ထွင်းမှုတွေကိုတော့ အိမ်ရှင်တွေဖက်က ကိုယ်တိုင် လာရောက်ကြားတာမျိုးတော့ ရှိကြတယ်” ဟု မြိတ်မြို့မ ရဲစခန်းမှူး ဦးဝင်းဇော်ဦးက ရှင်းပြသည်။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ မြိတ်မြို့တွင် သစ်ခိုးမှု ၆ မှု၊ လုယက်မှု ၁ မှု၊ ဖောက်ထွင်းမှု ၃ မှုနှင့် ရိုးရိုးခိုးမှု ၈ မှု စုစုပေါင်း ၁၇ မှုသာ မြိတ်မြို့မရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။