ရဲတပ်ဖွဲ့ကြောင့် စိတ်သောကရောက်ရပါက တိုင်ကြားရန် တိုင်းရဲမှူးကြီးပြော

0
403

ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်ကြောင့် စိတ်သောကရောက်ရပါက အချိန်မရွေး တိုင်ကြားနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

ဩဂုတ်လ ၂၉ ရက်က ထားဝယ် မြို့ရှိ တနင်္သာရီ တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမတွင် ပြုလုပ်သည့် မြို့မိ မြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရဲမှူးကြီးကအထက်ပါ အတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
” ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်ကြောင့် ကျွန်တော့်လက်အောက်က တပည့်သား မြစ်တွေကြောင့် ကျွန်တော်တို့ရဲ့ ပြည်သူ ပြည်သားတွေ စိတ်ဆင်းရဲရမယ်။ သောကရောက်ရမယ်ဆိုရင် ကျွန်တော် တို့လည်း ခံစားရပါတယ်။ တိုင်ကြားနိုင် ပါတယ်”   ဟု ရဲမှူးကြီးနေမျိုးက ပြော သည်။

 
တွေ့ဆုံပွဲတက်ရောက်လာသူ အချို့က ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက် က ကော့သောင်းတွင် ဥပဒေကို ချိုး ဖောက်ကာ မူးယစ်ဆေးဝါးဝင်ဖမ်းသည် ဆိုသည့်ကိစ္စနှင့် ဩဂုတ်လက လောင်း လုံးမြို့နယ်တွင် ငွေလေလံစုကိစ္စကြောင့် တရားရုံးက အိမ်ပိုင်ရှင် အဖွားအိုအား ဆွဲချရာတွင် ဓာတ်ပုံ၊ ဗွီဒိယိုမှတ်တမ်း ရိုက်ကူးသူများအား ရဲတပ်ဖွဲ့ဝင်တစ်ဦး က ခြိမ်းခြောက် ပြောဆိုသည့် အချက် တို့ကို ဆွေးနွေးရာ ရဲမှူးကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 
ယင်းကိစ္စများအပေါ်တွင် စုံစမ်းစစ် ဆေးရန် ညွှန်ကြားထားပြီးဖြစ်ကာ ရဲတပ် ဖွဲ့ဝင်များကြောင့် ပြည်သူလူထု စိတ် သောကရောက်မှုများရှိပါက တိုင်ကြား ရန် ရဲမှူးကြီးက ပြောကြားခြင်း ဖြစ် သည်။” ကျွန်တော့် တပည့်တွေကလည်း ကောင်းတဲ့သူတွေ ရှိပါတယ်။ ကောင်းတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် မူးယစ်ဆေးဝါး ဖမ်းမိတာတွေ ရှိပါ တယ်။ မကောင်းတဲ့သူတွေရဲ့ အားနည်း ချက်ကြောင့် ဖမ်းဆီးရမိဖို့ လွတ်သွားတဲ့ ဟာတွေလည်း အများကြီးရှိပါတယ်” ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

 
တိုင်ကြားလာပါက စုံစမ်းစစ်ဆေး ပြီး အပြစ်ရှိကြောင်း ပေါ်ပေါက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ရဲ တပ်ဖွဲ့ဝင် ၁၁၇၀ ဦးရှိကြောင်း သိရ သည်။