မူးယစ်ဆေး ဖြတ်သည့်အစီအစဉ် စတင်

0
488

မူးယစ်ဆေးဝါးသုံးစွဲသူများ ဆေး ဖြတ်မည်ဆိုပါက တနင်္သာရီတိုင်းအတွင်း နီးစပ်ရာဆေးရုံများတွင် သွားရောက် ပြသ ကုသနိုင်ပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက ပြောကြားသည်။

ဆေးဖြတ်ချင်သူများအနေဖြင့် ဆေးရုံများတွင် တိုက်ရိုက်လာရောက်ကုသနိုင်သကဲ့သို့ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့များနှင့် ဆက်သွယ်ကာ လာရောက်ကုသနိုင်ကြောင်း တိုင်း ကုသ ရေးဦးစီးဌာနမှူးက ပြောသည်။” ဆေးဖြတ်ရာမှာ ဆေးရုံတွေမှာ ရှိတဲ့ဆေးကို အခမဲ့ပေးသွားမှာ ဖြစ် တယ်၊ မရှိတဲ့ဆေးတွေကိုတော့ လူနာရှင် ဘက်က စိုက်ထုတ် ရမှာပါ” ဟု တိုင်း ကုသရေးဦးစီးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

 
ဆေးဖြတ် ကုသမှုကို ခရိုင်/ မြို့ နယ်ဆေးရုံများတွင် သာမက တိုက်နယ် ဆေးရုံများတွင်လည်း သွားရောက် ကုသနိုင်ပြီး တိုက်နယ် ဆေးရုံမှ ကုသရန်ခက်ခဲသည့်အခြေအနေ(ဆေးဖြတ်လိုက်သည့်အတွက် ဘေးထွက် ဆိုးကျိုး ခံစားရသည့် စိတ်ကယောင် ချောက်ခြား ဖြစ်ခြင်း အစရှိသည်များကို) များကိုမူ စိတ်ရောဂါကု ဆရာဝန်များ ရှိသည့် ဆေးရုံကြီးများသို့ လွှဲပြောင်း ကုသမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူငယ်အများစုမှာ စူးစမ်းချင်သည့် စိတ်များသည့်အတွက် သုံးစွဲမိကာ မူး ယစ်ဆေးဝါး၏ သားကောင်များ ဖြစ် သွားခဲ့ရပြီး မှားမှန်း သိကာ လမ်းမှန် ပေါ်ပြန်တက်ချင်သော်လည်း ယခင်က ဆေးဖြတ်ရန်အခက်အခဲ ရှိသည့်အတွက် ဒုက္ခတစ်ခု ကဲ့သို့ဖြစ်နေကြောင်း ထားဝယ် မြို့မှ ဦးကျော်ဦးက မှတ်ချက်ပြုသည်။”ဆေးဖြတ်ပေးချင်တဲ့ မိဘတွေက ပတ်ဝန်းကျင်က သိမှာကြောက်သလို ရဲတပ်ဖွဲ့က သိပြီး အဖမ်းခံရမှာကိုလည်း စိုးရိမ်တာတွေ ရှိတယ်” ဟု ဦးကျော်ဦးက ပြောသည်။

 
လက်ရှိတွင် မြိတ်မြို့နှင့် ကော့ သောင်းမြို့များတွင် ဆေးဖြတ်မှုကုသ မည့် ဆရာဝန်များကို ဩဂုတ်လ ၂၂ ရက် နှင့် ၂၃ ရက်များတွင် သင်တန်း ပေးနေပြီဖြစ်ကာ ထားဝယ်တွင်လည်း သင်တန်းပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးကုသရေး ဦးစီးမှူးက ပြောသည်။
ဆရာဝန်များအား သင်တန်းပေး ခြင်းမှာ အထူးပြုပေးခြင်းသာဖြစ်ပြီး လက်ရှိတွင် သင်တန်း မပေးသေးသည့် ဆေးရုံများတွင်ပါ ဆေးဖြတ်ကုသနိုင်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူးထံမှ သိရသည်။