ချဲနှင့် ဘောလုံးဒိုင်စာရင်း ဝန်ကြီး ချုပ်ဆီ ပို့ပါ

0
481

ရပ်ကွက်နှင့်ကျေးရွာများ အတွင်းရှိ နှစ်လုံး၊ သုံးလုံး ချဲဒိုင်နှင့် ဘောလုံး ပွဲဒိုင်များ စာရင်းကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက်ပေးပို့ရန် ရပ် /ကျေးအုပ်ချုပ် ရေးမှူးများအား ညွှန်ကြားလိုက်သည်။


ဩဂုတ်လ ၂၂ရက်က ထားဝယ် မြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ထား ဝယ်ခရိုင်အတွင်းရှိ ရပ်^ကျေး အုပ်ချုပ် ရေးမှူးများအားလုံး တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဘောလုံးပွဲဒိုင်၊ နှစ်လုံးထီ၊ သုံး လုံးထီ ရောင်းစားနေတဲ့ စာရင်း ကျွန်မ တို့ကို ပေးပါ။ သူတို့ကို ကျွန်မတို့ ဖမ်းဖို့ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးနဲ့ ပက် သက်ပြီး ဖြစ်လာနိုင်ချေရှိတဲ့ သူများ စာရင်းဆိုပြီးတော့ မှတ်ထားမှာ ဖြစ်ပါ တယ် ” ဟု ဝန်ကြီးချုပ်က ပြောသည်။
၎င်းစာရင်းတွင် ပါဝင်သူများကို တစ်စုံတစ်ရာ အနှောင့်အယှက်ပေးမည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင် မည်သို့ လုပ်ဆောင်မည်ကို မဆုံးဖြတ်ရ သေးဟု ဝန်ကြီးချုပ်က ဆိုသည်။
ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဘော လုံးနှင့် ချဲဒိုင်များစာရင်းပေးပို့ရမည့် ကိစ္စသည် ရပ်ကျေး^အုပ်ချုပ်ရေးမှူး အကြား ဂယက်ရိုက်ခတ်စေခဲ့ပြီး အချင်း ချင်းလည်း မေးခွန်းထုတ်ကြသည်။ပထမဆုံးအချက်မှာ ဝန်ကြီးချုပ် ထံသို့ မည်သို့ ပေးပို့ရမည်နည်းဟူ၍ ဖြစ်သည်။ယခင် လုပ်ရိုးလုပ်စဉ်အတိုင်း မြို့ နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ တဆင့် ဝန်ကြီးချုပ်ထံ တင်ပြရမည်လော၊ သို့ မဟုတ် ဝန်ကြီးချုပ်ဟူ၍ လိပ်မူ၍ တိုင်း အစိုးရအဖွဲ့၏ ဝင်စာ/ထွက်စာ လက်ခံ ဌာနတွင် ပေးပို့ရမည်လော၊ ဝန်ကြီးချုပ် လက်ထဲ တိုက်ရိုက်ပေးပို့ရမည်လော စသဖြင့် ၎င်းတို့တွင် မေးခွန်းများရှိ နေ သည်။

 
ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကမူ ဝင်စာ/ထွက်စာ လက်ခံဌာနမှ တဆင့်မဟုတ်ဘဲ ၎င်းထံသို့ တိုက်ရိုက် ပို့ပေးရန် ပြောသည်။
” ကျွန်မပဲ လက်ခံနေတာပါ။ အခု လောလောဆယ်တော့ အားလုံး မရောက် လာသေးပါဘူး။ တချို့တစ်ဝက်ပဲ ရောက်လာသေးတယ်” ဟု ဝန်ကြီးချုပ် ၏ ကိုယ်ရေးအရာရှိက ဆိုသည်။ဒုတိယအချက်မှာ ရပ်ကွက်၊ ကျေး ရွာအတွင်းရှိ ဘောလုံးနှင့် ထီဒိုင်များ၏ စာရင်းကို ဝန်ကြီးချုပ်ထံ အမှန်တိုင်း တင်ပြ၊ မပြ ဆိုသည့် အချက်ဖြစ်သည်။အများစုသော အုပ်ချုပ်ရေးမှူးများ မှာ အမှန်တိုင်းမတင်ပြကြဟု သိထား ကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး အချို့က ပြောသည်။

 
အမှန်တိုင်းမတင်ပြကြခြင်းမှာ ဒိုင် ကြီးများ မဟုတ်ဘဲ ကော်မရှင်စားရောင်း ချသည့် ကိုယ့်ရပ်ကွက်၊ ကျေးရွာ နေသူ များ မထိခိုက်စေလိုခြင်း၊ သတင်းအချက် အလက် မခိုင်မာခြင်း၊ ရပ်ကျေးအုပ်ချုပ် ရေးမှူး ကိုယ်တိုင်ပါဝင် ပတ်သက် နေခြင်း စသဖြင့် အကြောင်းကြောင်း ကြောင့်ဖြစ်နိုင်သည်ဟု ၎င်းတို့က ပြော သည်။

 
” စာရင်းလာ မပို့ဘူးဆိုရင်တော့ ကိုယ့်ရဲ့ရွာက ဘောလုံးဒိုင်လုပ်နေ တယ် လို့ပဲ ယူဆမှာပါ”  ဟု ဝန်ကြီးချုပ်က ပြောသည်။
သို့သော် ဝန်ကြီးချုပ်က ဩဂုတ်လ ၂၄ ရက် နောက်ဆုံးထား၍ စာရင်းများကို တင်ပြရန် ပြောဆိုထားသော်လည်း ၂၆ ရက် ညနေအထိ ရပ် ^ ကျေးအုပ်ချုပ် ရေးမှူး အားလုံး စာရင်းမပေးပို့ရသေး ကြောင်း ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိနှင့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံ မှ သိရသည်။
” ဝန်ကြီးချုပ်အနေနဲ့ အခုလို လမ်း ဖွင့်ပေးတာကို ကြိုက်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သတ္တိရှိဖို့ လိုတယ်” ဟု ဝန်ကြီးချုပ်ထံသို့ စာရင်း တင်ပြထားပြီးသည့် ထားဝယ်မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြော သည်။သို့သော် ဝန်ကြီးချုပ်အနေဖြင့် လည်း စာရင်းတင်ပြမှုအပေါ် ထိရောက် စွာ ကိုင်တွယ်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။
” ဘာလို့လည်း ဆိုတော့ မတင်ပြဘဲ လည်းရတယ်ဆိုရင် တင်ပြ ထားတဲ့ အုပ် ချုပ်ရေးမှူးတွေကလည်း နောက်ထပ် တင်ပြတော့မှာ မဟုတ်ဘူး။ ဒါကြောင့် တင်ပြတဲ့ကိစ္စကို ထိထိ ရောက်ရောက် လုပ်စေချင်တယ်” ဟု အဆိုပါ အုပ် ချုပ်ရေးမှူးက ပြောသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတွင် စာရင်းအမှန်အတိုင်းပို့မည့်သူနှင့် မိမိ ရပ်ကွက်၊ ကျေးရွာအတွင်း ” ချဲနှင့် ဘောလုံးဒိုင်မရှိပါ” ဟူ၍ တင်ပြမည့်သူ နှစ်မျိုးကွဲပြီး အချင်းချင်းစောင့်ကြည့် နေကြသည့် အနေအထားဖြစ်နေကြောင်း မြို့ပေါ်အုပ်ချုပ်ရေးမှူး အချို့ထံမှ သိရ သည်။
” ကိုယ်ကတင်ပြရင် ဆရာကြီး လုပ်ပြီး တင်တာလား။ အရမ်းသိနေလို့ တင်တာလားလို့ အချင်းချင်းပြောတာ တွေရှိတယ်” ဟု အထက်ပါ မြို့ပေါ်ရပ် ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

 
အချို့ကလည်း စာရင်းအမှန်တင်ပြ မည်ဆိုပါက လောင်းကစားဒိုင်နှင့် ပတ်သက်ဆက်နွယ်သူများ၏ ရန်စမှုကို ခံရနိုင်သည်ဟု ဆိုသည်။
” အခု ဝန်ကြီးချုပ်က အုပ်ချုပ်ရေး မှူးတွေကို စာရင်းပေးပါ လို့ပြောထား တယ်။ ကိုယ်က စာရင်းမပေးလိုက်ပေမယ့် ကိုယ့်ရပ် ကွက်ထဲက ဒိုင်အဖမ်းခံရရင် အုပ်ချုပ်ရေးမှူးကိုပဲ အညိုးထားကြမှာ”  ဟု ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ဦးက ဆိုသည်။
၎င်းအပြင် ဒေသ၏ ဓလေ့အရ လည်း လူအမုန်းခံကာ လုပ်ကိုင်လိုစိတ် မရှိကြသည့်အတွက် အချို့သော အုပ်ချုပ် ရေးမှူးများမှာ လက်ထောက်ချသည့် အလုပ်ကို လုပ်ကြမည်မဟုတ်ဟု ၎င်းက ဆိုသည်။

 
ရပ်^ကျေးအုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်က သတ္တိရှိရှိဖြင့် လောင်း ကစားနှင့် မူးယစ်ဆေးဝါး ကိစ္စများကို မဖော်ထုတ်ပါက အောင်မြင်နိုင်မည် မဟုတ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့က ဆိုသည်။
” အမှုတွေ ပေါ်ပေါက်ဖို့ဆိုတာ ရပ် ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့အခန်း ကဏ္ဍက အရမ်းအရေးကြီးပါတယ်”  ဟု တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

 
ဩဂုတ်လ ၂၂ ရက်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့နှင့် ထားဝယ်ခရိုင် အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃၄၃ ဦး တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့နှင့် မြို့နယ်^ခရိုင်အုပ်ချုပ်ရေးမှူးများ ပါဝင် ခြင်းမရှိခဲ့ပေ။ယင်းသို့တွေ့ဆုံခြင်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် တင်ပြမည့် ကိစ္စများကို ပိုမိုလွတ်လပ် စေသည်ဟု ၎င်းတို့က ဆိုသည်။

 
အဆိုပါဆွေးနွေးပွဲတွင် ချဲဒိုင်နှင့်လောင်းကစားဒိုင်ကိစ္စအပြင် မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့်သတင်းများ ကို သက်ဆိုင်ရာ အဖွဲ့အစည်းများကို မယုံကြည်ပါက တိုင်း အစိုးရအဖွဲ့ကို တိုက်ရိုက် အကြောင်းအကြား စေလို ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ သည်။