ကံပေါက်သတ္တုတွင်း စောင့်ကြည့် ရေးအဖွဲ့ကို တာဝန်မပေးသေးသည့် အပေါ် အဖွဲ့ဝင်များ မေးခွန်းထုတ်

0
440

ကံပေါက် သတ္တုတွင်းကို စောင့် ကြည့်မည့်အဖွဲ့အား အဘယ်ကြောင့် တာဝန်ပေးခြင်းမရှိသေးသည်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအား အဖွဲ့ဝင်များက မေးခွန်းထုတ်လိုသည်ဟု စောင့်ကြည့်ရေးအဖွဲ့ဝင်များအဖြစ် အမည်စာရင်း ပေးထားသူများက ပြော သည်။


ဟိန္ဒား၊ ဘ၀ပင်နှင့် ပကာရီ သတ္တု တွင်းတို့ကို စောင့်ကြည့်မည့် စောင့်ကြည့် ရေးအဖွဲ့များကို ဩဂုတ်လ ၁၉ ရက်က စတင် စောင့်ကြည့်ရန် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ပေးအပ် ခဲ့သော်လည်း ကံပေါက် သတ္တုတွင်း အတွက် ကြန့်ကြာနေသည်ကို မေးခွန်း ထုတ်စရာရှိလာသည်ဟု ၎င်းတို့က ပြော သည်။
” ကုမ္ပဏီကလည်း လုပ်ငန်းလည် ပတ်နေတဲ့အတွက် စောင့်ကြည့်ဖို့ လို အပ်နေပါတယ်။ တာဝန်ပေးသင့်နေပါပြီ။ ဘာကြောင့် ကြန့်ကြာနေတာလဲလို့ မေး ချင်တယ်” ဟု စောင့်ကြည့်ရေးအဖွဲ့ဝင် အမည်စာရင်းပေးထားသူတစ်ဦး ဖြစ် သည့် ကံပေါက်ဒေသခံ ဦးခင်စိုးက ပြော သည်။
မိုးရာသီဖြစ်သည့်အတွက် ချောင်း များအတွင်း ရေဆိုးရေညစ်များ မကျ စေရန်၊ မိုးရွာချိန်တွင် မိုးရေနှင့်ရော၍ ရေဆိုးများ မလွှတ်ချရန် စသည်တို့ကို အမြန်ဆုံးစောင့်ကြည့်ရန်လိုအပ်သည့်အတွက် စောင့်ကြည့်ရေးအဖွဲ့များကို တာဝန်ပေးစေလိုသည်ဟု ၎င်းက ဆိုသည်။
ကံပေါက် သတ္တုတွင်းအပါအဝင် ရေဖြူမြို့နယ်အတွင်းရှိ သတ္တု လုပ်ငန်း များအားလုံးကို စောင့်ကြည့်ရန် စောင့် ကြည့်ရေး အဖွဲ့များအား ဝန်ကြီးချုပ် ကိုယ်တိုင် တွေ့ဆုံ၍ တာဝန်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဩဂုတ်လ ၂၆ ရက်က  ပြောသည်။
စောင့်ကြည့်ရေးအဖွဲ့များသည် သတ္တုလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကို အဓိက ထားစောင့်ကြည့်ရမည် ဖြစ်သည်။