မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများမှ တနင်္သာရီတိုင်းသား ၆၀ ကျော် ပြန်ရောက်

0
401

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသားများကို စင်းလုံးငှား လေ ယာဉ်များဖြင့် အသုတ်လိုက် ပြန်လည် ခေါ်ယူလျက်ရှိရာ တနင်္သာရီတိုင်းမှ ၆၃ ဦး ပါဝင်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနမှ သိရသည်။


မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် မည်သူ မည် ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ရရှိပြီး လေယာဉ်စရိတ် မတတ်နိုင်သူ များကို အသုတ်လိုက် ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း တိုင်း ဒေသကြီး အလုပ် သမားညွှန်ကြားရေးဦးစီးဌာနထံမှ သိရ သည်။

 
ဩဂုတ်လ ၉ ရက်မှ  ၂၄ ရက်အထိ ၅ သုတ်ရှိပြီဖြစ်သည်။ “နောက်ထပ် လာဖို့ရှိသေးတယ်လို့ သိရတယ်ဘယ်အချိန်လဲတော့ မသိသေး ဘူး ” ဟု ဒု ဦးစီးမှူး ဒေါ်ငုဝါလှိုင်က ပြောသည်။ပြန်ရောက်လာသူများတွင် ထား ဝယ်မြို့နယ်မှ ၇ ဦး၊ လောင်းလုံးမြို့နယ်မှ ၃ ဦး၊ ရေဖြူမြို့နယ်မှ ၆ ဦး၊ သရက် ချောင်းမြို့နယ်မှ ၃ ဦး၊ ပုလောမြို့နယ်မှ ၈ ဦး၊ မြိတ်မြို့နယ်မှ ၂၄ ဦး၊ ကော့သောင်းမြို့နယ်မှ ၁၀ ဦးနှင့် တနင်္သာရီတိုင်းဟု ရေးထားသူ ၂ ဦး ရှိကြောင်း တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနထံမှ သိရသည်။

 
ပြီးခဲ့သည့်နှစ်များကလည်း မြန်မာ အစိုးရ အပါအဝင် အလှူရှင်များက မလေးရှားနိုင်ငံရှိ ဖမ်းဆီးခံ ရွေ့ပြောင်း အလုပ်သမားများကို စင်းလုံးငှားလေ ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးမှု များ ရှိခဲ့သည်။