ထားဝယ်ဆိပ်ကမ်းမြေငှားခ တစ်လ ကျပ်သိန်း တစ်ရာခန့်ရ

0
873

ထားဝယ်မြစ် ကမ်းနားလမ်းတစ် လျှောက် ဆိပ်ကမ်းပိုင်မြေ ငှားရမ်းမှုမှ တစ်လလျှင် ငွေကျပ် သိန်း ၁၀၀ ခန့်ရရှိ ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး (ထားဝယ်)မှ သိရသည်။


ထားဝယ်ကမ်းနားလမ်းရှိ ဆိပ် ကမ်းအာဏာပိုင်ရုံးမှ မြောင်းပုလဲချောင်း အထိ ဆိပ်ကမ်းပိုင်မြေအား ၁ စတုရန်း မီတာ(၃.၂၈ ပေ ပတ်လည်)ကို တစ်လ လျှင် ငွေကျပ် ၃၅၀ နှုန်းဖြင့် လုပ်ငန်းရှင် ၅၁ ဦးမှ အသီးသီး ယာယီငှားရမ်းထားပြီး ယင်းဝင်ငွေမှာ ကျပ်သိန်းတစ်ရာခန့်ရှိ ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး (ထားဝယ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” သူတို့ လုပ်ငန်းရှင်တွေ လုပ်ချင် သလောက် အကျdawei_cementယ်အဝန်းအပေါ်မှာပဲ ငှားရမ်း ပေးထားတယ်”  ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။
မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး (ထား ဝယ်) က ဆိပ်ကမ်းမြေငှားရမ်းရာမှ ရရှိငွေအပေါ် နိုင်ငံတော်ထည့်ဝင်ကြေး ၂၀ ရာခိုင်နှုန်းနှင့် အခွန် ၂၅ ရာခိုင်နှုန်း ပေးသွင်းရပြီး ကျန်သည့်ငွေဖြင့် ဆိပ် ကမ်းဖွံ့ဖြိုးရေးနှင့် ရုံးအသုံးစရိတ် အဖြစ် ပြန်လည်အသုံးပြုကြောင်း ၎င်းကရှင်းပြ သည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အတွက် ဘတ်ဂျက်မှာ ပြည်ထောင်စုနှင့် တိုင်း ဒေသကြီး ဘတ်ဂျက်တွင် မပါဝင်ဘဲ စည်ပင်သာယာအဖွဲ့များကဲ့သို့ ဌာနတွင်း ဘတ်ဂျက်ငွေဖြင့် ရပ်တည်ရကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။
ထားဝယ်မြစ်အရှေ့ဘက်ကမ်းတွင် ထားဝယ်ခရိုင်အတွင်းရှိ မင်းဒပ်ချောင်းမှ ဆင်ဆိပ်ရပ်ကွက်အထိနှင့် ထားဝယ်မြစ် အနောက်ဘက်ကမ်းတွင် ကမြောကင်း အကွေ့မှ ရှင်မော်ဘုရားအထိနှင့် ထား ဝယ်မြစ် အမြင့်ဆုံး ဒီရေရောက်ရာနေရာမှ ပေ ၁၅၀(ကိုက်၅၀) အထိမှာ မြန်မာ့ ဆိပ်ကမ်းမှ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် မြေ အဖြစ်သတ်မှတ်ထားကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရုံး(ထားဝယ်)ထံမှ သိရသည်။
အဆိုပါ ယာယီငှားရမ်းထားသည့် မြေပေါ်တွင် အခိုင်အမာ အဆောက်အအုံ များ မဆောက်ရန်နှင့် ယာယီ အဆောက် အအုံ ဆောက်ထားသူများအား ကမ်းနား လမ်းတစ်လျှောက် စီမံကိန်းများ အ ကောင်အထည် ဖော်ပါကဖျက်သိမ်း ပေးရမည်ဟု တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ဇူလိုင်လအတွင်းက ညွှန်ကြား ထားခဲ့သည်။