ထားဝယ်တွင် ဟိုတယ်ဆိုင်ရာသင်တန်း လေးမျိုးဖွင့်မည်

0
747

ထားဝယ်တွင် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ စက်တင်ဘာလ ၅ ရက်တွင် ဟိုတယ်ဆိုင်ရာ သင်တန်း ၄ မျိုး ဖွင့်လှစ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


ဧည့်ကြို၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး အစရှိသည့် သင်တန်း ၄ မျိုးအား လက်ရှိ ဟိုတယ်များ တွင် လုပ်ကိုင်နေသည့် ဟိုတယ် ဝန်ထမ်းများအပြင် ပြင်ပလူများလည်း စာရင်းပေးသွင်းနိုင်ကြောင်း တိုင်းဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
” ထိုက်သင့်တဲ့ ငွေကြေးတော့ ပေးသွင်းရမယ်”  ဟု အဆိုပါ တာဝန်ရှိသူက  ပြောသည်။
ယင်းသင်တန်းအား ထားဝယ်ရှိ ဟိုတယ်/ခရီးရုံး အပြင် ဟိုတယ်လုပ်ငန်း ရှင်းများထံတွင် စုံစမ်းနိုင်ကာ သင်တန်းကာလမှာ ၁ လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတစ်မျိုးကို သင်တန်းသား ၃၀ ဦး သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ဟိုတယ်^ခရီးရုံးမှ သိရသည်။
ထားဝယ်ခရိုင်တွင် ဟိုတယ်^ခရီးလိုင်စင်ရ ဟိုတယ် ၉ လုံး၊ တည်းခိုရိပ်သာ ၂ လုံးနှင့် ခရီးသွားကုမ္ပဏီ ၁၂ ခု ရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။