လက်နက်ချအဖွဲ့အား ရေးလေယာဉ်ကွင်းဟောင်းနေရာတွင် နေရာချပေးမည့် အစီအစဉ် အထမမြောက်

0
488

နိုင်လှိန်းနှင့် နိုင်လွန်ဦးဆောင်သည့် လက်နက်ချအဖွဲ့အား မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့ နယ်အာဘော် ကျေး ရွာအုပ်စုရှိ လေယာဉ်ကွင်းဟောင်း နေ ရာတွင် နေရာချပေးတော့မည် မဟုတ် ကြောင်း ရေးမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနထံမှ သိရ သည်။


အဆိုပါ လေယာဉ်ကွင်းဟောင်းနေ ရာသည် အများပြည်သူ သွားလာရာနေရာ ဖြစ်သည့်အတွက် လက်နက်ချထားသည့် အဖွဲ့အား နေရာချထားပေးရန် မသင့် တော်ဟု ထောက်ပြကာ ဒေသခံပြည် သူများ စိုးရိမ်မှုဖြစ်ပေါ်နေသည့် အတွက် တခြားနေရာတွ နေရာချထားပေးရန် စီစဉ်လျက်ရှိသည်။
ယင်းအဖွဲ့အား ရေးတောင်ပိုင်း ကိုးမိုင်ဒေသဘက်တွင် နေရာချထား ပေးရန် တာဝန်ရှိသူတို့က မြေနေရာသစ် ရှာဖွေလျက်ရှိသည်ဟု ရေးမြို့နယ် လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန ဦးစီးမှူး ဦးဝင်းအောင်က ပြောသည်။
ဆက်ကြေးတောင်း ဓားပြတိုက်ပြီး ရေးတောင်ပိုင်းဒေသတစ်ဝိုက်တွင် လှုပ် ရှားခဲ့သည့် နိုင်လိုန်းနှင့် နိုင်လွန်               ဦးဆောင် လက်နက်ကိုင်အဖွဲ့သည် နယ် မြေခံ စ.က.ခ (၁၉) ထံတွင် ဇွန်လ ၂၇ ရက်က လက်နက်အပ်နှံခဲ့ပြီး ၎င်းတို့ အတွက် အဘော်လေယာဉ် ကွင်းဟောင်း နေရာတွင် နေရာချပေးရန် ဒေသတွင်း တာဝန်ရှိသူတို့က ဇူလိုင်လဆန်း ပိုင်း ကတည်းက စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
” သူတို့ (လက်နက်အပ်နှံအဖွဲ့) လုပ်ခဲ့တဲ့နောက်ခံအခြေအနေက ဒေသခံ တွေအနေနဲ့ ယုံကြည်မှု နည်းနေတယ်၊ အဲလို အချိန်မှာ ပြည်သူတွေဖြတ်သန်းသွားလာတဲ့နေရာမှာထားမှာကို စိုးရိမ် စိတ်တွေဖြစ်တယ်ပေါ့၊ ချင့်ချိန်ပြီးတော့ လုပ်သင့်ပါတယ်”  ဟုရေးမြို့ လူမှုအကျိုး ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင် ဝင်းက ပြောသည်။
ဇူလိုင်လ ၂၁ ရက်နေ့က ရေးမြို့သို့ လာရောက်ခဲ့သည့် မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးမင်းမင်းဦးကတော့ အဖွဲ့အစည်း များကို နေရာချပေးရာတွင် တရားဝင် ထုတ်ပြန် သွားမည်ဖြစ်သလို အများ ပြည်သူလက်ခံသည့် နေရာကိုသာချပေး သွားမည်ဖြစ်ကြောင်း ပြောသွားခဲ့သည် ဟု ဒေသခံတို့၏ ပြောပြချက်အရသိ ရသည်။ဧရိယာ ၁၃၃.၉၀ ဧက ကျယ် ဝန်းသည့်အဆိုပါလေယာဉ်ကွင်း ဟောင်းမြေနေရာသည် ဒုတိယကမ္ဘာ စစ်အတွင်းကအသုံးပြုခဲ့သည့် လေယာဉ် ကွင်းတစ်ခုဖြစ်သည်။
လက်ရှိတွင် ၂၃၀ ကေဗွီဓာတ်အား ခွဲရုံတည်ဆောက်ရန်အတွက် မြေနေရာ အချို့ရရှိရန် မြန်မာ့လေကြောင်း ဦးစီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေသည့်နေရာတစ်ခုလည်း ဖြစ်သည်။