သုံးလအထိ မဆက်သွယ်သည့် ခရီးသွားကုမ္ပဏီများကို လိုင်စင် ရုပ်သိမ်းမည်

0
407

သက်ဆိုင်ရာ ဟိုတယ်/ခရီးဌာနသို့ ခရီးသည်ပို့ဆောင်မှု လစဉ် စာရင်း မပို့သည့် ခရီးသွားကုမ္ပဏီများကို လိုင် စင် ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။


ခရီးသွားကုမ္ပဏီများမှ လစဉ် ခရီး သည်ပို့ဆောင်မှု စာရင်းအား လစဉ်ပေး ပို့ရန် လိုအပ်ပြီး ၃လအထိ မဆက် သွယ်သည့် ခရီးသွား ကုမ္ပဏီများကို ပြည်ထောင်စုဝန်ကြီးဌာနထံ တင်ပြသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟို တယ်/ခရီးမှ တာဝန်ရှိ သူတစ်ဦးက ဆို သည်။” ထားဝယ်မှာတော့ မရှိသေးဘူး၊ လစဉ် စာရင်းဇယားတွေ ပုံမှန်ပို့နေရ မယ်”  ဟု အဆိုပါတာဝန်ရှိသူက ပြော သည်။

 
လက်ရှိအချိန်တွင် ထားဝယ်ခရိုင် အတွင်းရှိ ကံပေါက်ဒေသရှိ ခရိးသွား ကုမ္ပဏီတစ်ခုနှင့် ထီးခီးဒေသရှိ ခရီး သွားကုမ္ပဏီတစ်ခုမှာ ဌာနသို့ ဆက် သွယ်လာခြင်းမရှိဘဲ ဌာနမှ လိုက်ဆက် သွယ်နေရသည်ဟု အဆိုပါတာဝန်ရှိသူ ကဆိုသည်။
ထားဝယ်ခရိုင်တွင် ခရီးသွား ကုမ္ပဏီ ၁၂ ခု ရှိကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ ခရီး ရုံးထံမှ သိရသည်။