တိုင်းအတွင်း မီးသွေးထုတ်လုပ်မှု ရပ်ရန်ညွှန်ကြား

0
420

တိုင်းအတွင်း မီးသွေးထုတ်လုပ် မှုကြောင့် ဒီရေတောများ ပြုန်းတီးနေ သဖြင့် ဩဂုတ်လ ၁၀ ရက်က ထုတ်လုပ် ခွင့် ရပ်နားစေရန် တိုင်းသစ်တောဦးစီး ဌာနသို့ ညွှန်ကြားခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရ သည်။


ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုင်း ဒေသကြီးဝန်ကြီးချုပ် သွားရောက်ခဲ့သည့် မြိတ်ခရီးစဉ်တွင် မီးသွေးဖုတ်ခြင်း ကြောင့် ဒီရေတောများ ပြုန်းတီးနေ သည်ဟု ဒေသခံများက တင်ပြသည့် အတွက် ယင်းကဲ့သို့ ညွှန်ကြားလိုက် ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူးက ဆိုသည်။” လောလောဆယ် ပိတ်ထားတယ်၊ နောက်ပိုင်းအနေအထားကို ပြန်ကြည့်ရ မှာပေါ့”  ဟု အစိုးရအဖွဲ့ရုံး ဒုညွှန်ကြား ရေးမှူး ဦးသိန်းအောင်က ပြောသည်။

stop_production_coal
ယင်းအပြင် သစ်တောဦးစီးဌာန မှလည်း တင်ပြလာသည့်အတွက် ယင်း ကဲ့သို့ မီးသွေးဖုတ်ခွင့် ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။တိုင်းအတွင်း ထုတ်လုပ်သည့် မီး သွေးတစ်ဝက်ခန့်ကို ရန်ကုန်သို့ တင်ပို့ နေပြီး မီးသွေးဖုတ်ခြင်းကြောင့် ဒီရေ တောများပျက်စီးသွားမည်ကို စိုးရိမ်ရ ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးက ဆိုသည်။

 
” အသေးစိတ် လိုက်မစစ်နိုင်တော့ ဒီရေတောက မီးသွေးထုတ်တာတွေ ရှိ တယ် ” ဟု ဒုညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ပြောသည်။
တိုင်းအတွင်းနေ ပြည်သူအများ စုမှာ မီးဖိုချောင်ချက်ပြုတ်ရန် မီးသွေး ကိုသာ အဓိက အားထားနေရပြီး အခြား လောင်စာများဖြစ်သည့်ဂက်စ်နှင့် လျှပ် စစ်မှာ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ဈေးမြင့်လွန်း နေသည့်အတွက် တိုင်း အစိုးရအနေဖြင့် ဆုံးဖြတ် ချက်တစ်ခု ချမှတ်မည်ဆိုပါက သေချာသုံးသပ်သင့် ကြောင်း ထားဝယ်မြို့မှ ဦးသိုက်ထွန်းက ဆိုသည်။
” ဂက်စ်ဆိုရင်လည်း ပြည်သူတွေ ဝင်ငွေနဲ့ လက်လှမ်းမမီသေးဘူး၊ လျှပ် စစ်မီတာခ တစ်ယူနစ်ဈေးက ထမင်း ဟင်းချက်ဖို့ ဘယ်လိုမှ မတတ်နိုင် သေးဘူး”  ဟု ဦးသိုက်ထွန်းက ပြောသည်။

 
တိုင်းအတွင်း ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မီးသွေး တန်ချိန် ၃၈၄၇၀ တန်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၃၉၀၅၀ တန်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ၂၉၃၂၀ တန် ထုတ်လုပ်ရန် လျာထားပြီး အဆိုပါလျာထားချက်မှာ ပြည်ထောင်စုက ချထားပေးကြောင်း တိုင်းသစ်တောဦး စီးဌာနမှ သိရသည်။
ခွင့်ပြုချက်မရှိဘဲ မီးသွေးဖုတ်ပါက သစ်တောဥပဒေပုဒ်မ- ၄၂ (ဃ)အရ ငွေဒဏ် ကျပ် ၂၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။