လူထုအကျိုးရှိပါက ဆိုင်းငံ့စီမံကိန်း ဆက်လုပ်မည်

0
506

မွန်ပြည်နယ်တွင် ယခင်အစိုးရ လက်ထက်က ဆိုင်းငံ့ထားသည့် လုပ် ငန်း စီမံကိန်း ၆ ခုကို ပြန်လည်စိစစ်ပြီး ပြည်သူလူထုအတွက် အကျိုးရှိပါက ဆက်လက် အကောင်အထည်ဖော်လုပ် ဆောင်သွားမည်ဟု မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးမင်းမင်းဦးက ပြောသည်။


အဆိုပါ ဆိုင်းငံ့ထားသည့် ပြည် ထောင်စုအဆင့် စီမံကိန်း ၃ ခုမှာ ဘီ လင်းသကြားစက်ရုံ၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဖြင့် အတ္တရံမြစ်ရေကို သန့်စင်၍ ရေဖြန့်ဝေခြင်းလုပ်ငန်းကိုြဥွှ စနစ် ဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့် မုဒုံမြို့ နယ် အဝေးပြေးယာဉ်ရပ်နားစခန်း စီမံကိန်း တို့ဖြစ်သည်။

 
ပြည်နယ်အဆင့် လုပ်ဆောင်မည့် စီမံကိန်း ၃ ခုမှာ မော်လမြိုင် သစ်ပုံဆိပ် အိမ်ရာစီမံကိန်း၊ မော်လမြိုင်ဟိုတယ်များ အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ဘိုကုန်း ရပ် အဆင့်မြင့်ဟိုတယ် တည်ဆောက် မည့် စီမံကိန်းတို့ ဖြစ်သည်။
” အဆို လာပြုနေတာတော့ ရှိတယ်၊ ပြန်လည်စိစစ်ပြီးမှ လုပ်သင့် မလုပ်သင့် ကို အစိုးရအဖွဲ့က ဆုံးဖြတ်ရမယ်” ဟု ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

 
ဆိုင်းငံ့စီမံကိန်း ၆ ခုအနက်မှ သစ်ပုံဆိပ်စီမံကိန်းသည် ပွင့်လင်းမြင် သာမှုမရှိဘဲ အကျိုးအမြတ်ရရှိရေး အ တွက် အစိုးရနှင့် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်း သာဖြစ်သည်ဟုဆိုပြီး ယခင်အစိုးရလက် ထက်က မြို့ခံတို့ အပြင်းအထန် ကန့်ကွက် ထားသည့် စီမံကိန်းတစ်ခု ဖြစ်သည်။” ဒီအစိုးရလက်ထက်မှာ ရင်းနှီးမြှုပ် နှံမယ့်စီမံကိန်းတွေကို သေချာစိစစ်ပြီး၊ လူထုတွေနဲ့ ပွင့်လင်းမြင်သာစွာ ချပြပြီး မှပဲ လုပ်ဆောင်ဖို့ ခွင့်ပြုပေးမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

 
NLD ဦးဆောင် အစိုးရတက်လာ ပြီးနောက်မွန်ပြည်နယ်အတွင်း ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဖွဲ့အစည်းများ လာရောက်တွေ့ဆုံမှု ရှိသော်လည်း မွန်ပြည်နယ်အစိုးရ အနေ ဖြင့် လက်ရှိအချိန်ထိ ခွင့်ပြုပေးသည့် လုပ်ငန်းစီမံကိန်းများ မရှိသေးပေ။