ကော့သောင်းရေလုပ်သား တစ်သောင်းကျော် အလုပ်သမား မှတ်ပုံတင်ကတ် ပြုလုပ်မည်

0
401

ကော့သောင်းမြို့နယ်ရှိ ကမ်းနီး၊ ကမ်းဝေး ရေလုပ်သား တစ်သောင်း ကျော်ကို အလုပ်သမား မှတ်ပုံတင် ကတ်ပြုလုပ်ပေးမည်ဟု ကော့သောင်း ခရိုင်ကမ်းနီး ငါးလုပ်ငန်းရှင်များအဖွဲ့က ပြောသည်။


အလုပ်ရှင်နှင့်အလုပ်သမား အကြား ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာ ပါက နှစ်ဦးနှစ်ဖက် ပြေလည်မူရှိရန်နှင့် အလုပ်သမားများ ထိခိုက်နစ်နာမူ ရှိပါ က လျော်ကြေးတောင်းနိုင်ရန် အတွက် ယင်းသို့ ပြုလုပ်ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း အထက်ပါအဖွဲ့ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။

fish_worker
” လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်တုန်းက ဆိုရင် အလုပ်သမားတိုင်း အလုပ်သမား မှတ်ပုံတင်ကတ် ရှိတယ်၊ အလုပ်ရှင် တွေ ကိုယ်တိုင်ကလည်း လုပ်ပေးကြ တယ်၊ ၂၀၁၀ နောက်ပိုင်းမှာ အလုပ်ရှင် တွေ ကိုယ်တိုင်က လာမလုပ်ကြဘူး”  ဟု ကော့သောင်းမြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနဦးစီးမှူး    ဒေါ်ကြူကြူရီက ပြောသည်။
အလုပ်သမားကတ်ကို ကမ်းနီးငါး လုပ်ငန်းအဖွဲ့ချူပ်မှဦးဆောင်ကာ အလုပ်သမားရုံးနှင့် ပူးပေါင်းပြီး အခမဲ့ ပြုလုပ်ပေးသွားမည်ဖြစ်သည်။