ရေဘေးအတွက် အလှူခံထွက်ရန် ထားဝယ်လူငယ်အဖွဲ့များ စီစဉ်

0
376

မြန်မာပြည်အထက်ပိုင်းဒေသရှိ ရေဘေးသင့်ဒေသများသို့ သွားရောက် လှူဒါန်းနိုင်ရန်ထားဝယ်မြို့နယ် အတွင်း တွင် လှည့်လည်အလှူခံရန် စီစဉ်လျက်ရှိ ကြောင်း ထားဝယ်တက်ကြွလူငယ် အဖွဲ့ ထံမှ သိရသည်။


ထားဝယ်မြို့နယ်ရှိ လူငယ်အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ကာ ထားဝယ် မြို့တွင်းနှင့် မြို့ပြင်သို့ အဖွဲ့များခွဲ၍ အလှူခံထွက်မည်ဖြစ်ပြီး အလှူခံထွက် မည့်ရက်ကိုမူ အတိအကျ မသတ်မှတ်ရ သေးကြောင်း ထားဝယ်တက်ကြွလူငယ် အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။
” ထားဝယ်မြို့တွင်းကို နှစ်ရက်၊ သုံးရက်လောက် အလှူခံမယ်။ လှူဖို့လာ မေးနေကြတဲ့သူတွေလည်း အများကြီး၊ နိုင်ငံခြားကနေ လှူဖို့ဆက်သွယ်နေကြတဲ့ သူတွေလည်း ရှိတယ်” ဟု ကိုဝေဖြိုး အောင်က ပြောသည်။
ပြီးခဲ့သည့်နှစ်က ထားဝယ်ဒေသမှ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ဧရာဝတီတိုင်း၊မန္တလေးတိုင်း နှင့် စစ် ကိုင်းတိုင်းတို့ ရှိရေဘေးဒဏ်ဆိုးရွားစွာ ခံစားရသော နေရာများနှင့် လူအရောက် အပေါက်နည်းသော ဒေသများသို့ သွား ရောက်လှူဒါန်းခဲ့ပြီး ရေသန့်ပြုလုပ် နည်းတို့ကို ပြသခဲ့ကြသည်။