Miss Universe Myeik 2016 – နှင်းစက်ပွင့်ပိုင်

0
940

Miss Universe Myeik 2016   ပြိုင်ပွဲကို ဩဂုတ်လ ၇ ရက်နေ့ကမြိတ်မြို့ကန်ဖျားရပ် J&J   ဟိုတယ်တွင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ခါးနံပါတ် ၈ မှာ  Winner ဆုရရှိခဲ့ကြောင်း ယင်းပွဲစီစဉ်သူ City Director  ဝါဝါဖြိုးထံမှသိရသည်။


Miss Universe Myeik 2016  ပထမ အကြိမ်လူရွေးပွဲကို ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ် ခဲ့ပြီး ပြိုင်ပွဲဝင် ၁၈ ဦးအနက် ၁၄ ဦးရွေးချယ်ကာ နောက်ဆုံးအဆင့် ပြိုင်ပွဲကို Jရဲ ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။အဆိုပါပြိုင်ပွဲတွင် winner အဖြစ်ခါးနံပါတ် ၈ မနှင်းစက်ပွင့်ပိုင်၊ firstRunner Up  ခါးနံပါတ် ၁၄ ခိုင်ဇင်ဇော်၊ Second Runner Up  နံပါတ် ၁၁ဆုပြည့်အောင်Third Runner Up   နံပါတ် ၁၂ ခိုင်သက်ဝေနှင့် fourth RunnerUp  နံပါတ် ၃ ထက်ထက်မျက်ခြယ်တို့ ရရှိခဲ့ကြောင်း City Director ထံမှ သိရသည်။

miss-universe-myeik-2016
” Winner အဖြစ်ရရှိတဲ့သူက  Miss Universe Myanmar 2016 မှာ မြိတ်ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပါ ” ဟု ဝါဝါဖြိုးက ပြော သည်။သို့သော် ဩဂုတ် ၁၁ ရက်Miss Universe Myeik 2016  ၏ ဖေ့ဘွတ်စာမျက်နှာ ဖော်ပြ ချက်အရ  Winner ဆုရှင် မနှင်းစက်ပွင့်ပိုင် သည်ပညာရေး၊ ကျန်းမာရေး ကြောင့် အကြောင်း ပြချက်ဖြင့် ရန်ကုန်မြို့သို့ဆက်လက် ယှဉ်ပြိုင်ရန် မဖြစ်သည့်အတွက် 1st Runner Up ဆုရှင် မခိုင်ဇင်ဇော်အား ရန်ကုန်သို့သွားရောက်ယှဉ်ပြိုင် ရန် ရွေးချယ်လိုက်သည်ဟု ဖော်ပြထားသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မနှင်းစက်ပွင့်ပိုင်ကို မေးမြန်းကြည့်ရာ သူမအနေဖြင့် အမြဲတမ်းနေ မကောင်းဖြစ်နေသည့်အတွက် ဆုကိုမခိုင်ဇင်ဇော်အား ကြည်ကြည်ဖြူဖြူ လွှဲပေးခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့တယ်။
Miss Universe  Myanmar 2016  ပြိုင်ပွဲကို ရန်ကုန်မြို့တွင် အောက်တိုဘာလ ၆ရက်နေ့တွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း ဝါဝါဖြိုးက ပြော သည်။

 
Miss Universe Myeik 2016  အလှမယ် နောက်ဆုံးရွေးချယ်ပွဲတွင်တေးသံရှင်များဖြစ်ကြသည့် ရဲလေး၊ ပိုပို၊ နွေးနွေးချစ်ဖွယ်၊ အောင်ရဲထိုက်တို့မှ ပါဝင်သီဆိုခဲ့ပြီး အလှမယ် သျှားထွဋ်အိန္ဒြာမှာ ဒိုင်အဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။