မြိတ် တောင်သူလယ်သမားများသမဂ္ဂ ဖွဲ့စည်

0
421

တောင်သူလယ်သမားများနှင့် ဥယျာဉ်ခြံမြေ ပိုင်ရှင်များ၏ အကျိုးစီး ပွားနှင့် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်အတွက် မြိတ်မြို့တွင် တောင်သူလယ်သမားများ သမဂ္ဂကို စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။


မြိတ်မြို့နယ် တောင်သူလယ်သမား များသမဂ္ဂ ကို ဇူလိုင်လ ၂၆ ရက်တွင် အဖွဲ့ဝင် ၃၇ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ဩဂုတ်လ ၁၀ ရက်တွင် စန္ဒဝတ် ကျေးရွာ အုပ်စုတွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။ တောင်သူလယ်သမားများနှင့် မြေ ယာလုပ်သားများတို့၏ အကျိုးစီးပွားနှင့် farmer_unionအခွင့်အရေးများကို

ကာကွယ်စောင့် ရှောက်ရန်၊     တောင်သူလယ်သမားတို့၏         စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်      လူမှုဘ၀များ သာယာဝပြောပြီး အဆင့်အတန်း မြင့်မားလာစေရန်၊        တောင်သူလယ်သမားများ ဖိနှိပ်ချယ် လှယ်၊ အမြတ်ထုတ်ခံရမှုများမှ လုံးဝ လွတ်မြောက်စေရန်၊ လွတ်လပ်၍ ခေတ် မီသော မြေယာလုပ်ငန်းမှ တဆင့် ကျေး လက်ဒေသ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာပြီး တိုင်းပြည်   စီးပွားရေးကို ဖြည့်တင်းပေးရန်၊     တောင်သူလယ်သမား တို့၏ အကျိုးစီးပွားကို အာမခံပြီး အကာ အကွယ်ပေးသည့် ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွန်းလာစေရန်နှင့် တောင်သူလယ် သမားသမဂ္ဂများ လွတ်လပ်စွာ ရပ်တည် လှုပ်ရှားခွင့်ရရန်အတွက် ရည်ရွယ်၍ ဖွဲ့ စည်းခြင်းဖြစ်ကြောင်း သမဂ္ဂဥက္ကဋ္ဌ ဦးမြင့်ဆွေက ရှင်းပြသည်။

 
အထက်ပါ သမဂ္ဂသည် လက်ရှိ တွင် လယ်သိမ်း၊ မြေသိမ်းပြဿနာ ၃ ခုကို သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြ၍ လိုက်လံ ကူညီဆောင်ရွက်နေ ပြီးဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောကြား သည်။
ဆီအုန်းကဲ့သို့သော စိုက်ပျိုးရေး စီမံကိန်းများ တည်ရှိသော တနင်္သာရီ တိုင်းသည် မြန်မာနိုင်ငံတွင် လယ်ယာ မြေသိမ်းဆည်းမှု ပြဿနာ အများဆုံး ဒေသများ အနက်တစ်ခုဖြစ်သည်။