ကော့သောင်းတွင် သိန်း၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

0
457

ကော့သောင်းမြို့တွင် ဩဂုတ်လ ၁၃ ရက်က သိန်း၁၀၀ ကျော်ခန့် တန်ဖိုးရှိ သည့် စိတ်ကြွဆေးပြား၂ ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။


သန်းထွန်းအောင်(ခ) သိန်းစိုးထွန်း ဆိုသူသည် ရန်ကုန်မှ မူးယစ်ဆေး သယ် ဆောင်လာမည်ဟု သတင်းရသဖြင့် အေးရိပ်ငြိမ်ရပ်ကွက်၊ ဓူဝံ (၁) လမ်းရှိ အောင်ကျော်စိုး(ခ)နေပိုင်ဦး ဌားရမ်းနေထိုင်သော အိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၂၁၆၅ပြားနှင့် ရေစို ပျော့ပြဲနေသည့် စိတ်ကြွဆေး ၄၀ ဂရမ် တို့ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား မူးယစ်ပုဒ်မ-၁၅၊ ၁၆(က)၊ ၂၁ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။