မြိတ်စီးပွားရေးဇုန်ဧရိယာရှိ အစားထိုးလုံးချင်းများအတွက် ပိုင်ဆိုင်မှု အထောက်အထား မရသေး

0
372

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ မြိတ်စီးပွားရေးဇုန် ဧရိယာအတွင်းရှိ အစားထိုးလုံးချင်းများကို ယခုနှစ် ဧပြီ လအတွင်းက လွှဲပြောင်းပေးခဲ့ပြီး ဖြစ် သော်လည်း လက်ရှိအချိန်ထိ ပိုင်ဆိုင်မှု အထောက်အထားများ မရရှိသေးကြောင်း ယင်းလုံးချင်းအိမ်များတွင် နေထိုင်သူ တချို့ထံမှ သိရသည်။


မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်(MFD)က မြိတ်စီးပွားရေးဇုန် ဧရိယာအတွင်းတွင် ကမ်းသာယာ ကျေး ရွာ တည်ရှိနေပြီး ယင်းကျေးရွာမှ နေ အိမ် ၃၉ ဆောင်အတွက် အစားထိုး လုံးချင်းများကို ဧပြီလ ၁၂ ရက်က ပေးအပ်ခဲ့ပြီး ဖြစ်သည်။ယင်းကဲ့သို့ လွှဲပြောင်းပေးအပ် စဉ်က ကုမ္ပဏီ ဒါရိုက်တာတစ်ဦးက စာရွက်စာတမ်းပိုင်ဆိုင်မှု အထောက် အထားများနှင့်တကွ လွှဲအပ်ပေးသွား မည်ဟု ပြောဆိုထားသည်။

myeik_economic_zone
သို့သော် လက်ရှိအချိန်အထိ ပိုင် ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာ မရရှိသေးကြောင်း အစားထိုးလုံးချင်းအိမ် များတွင် နေသူအချို့က ပြောပြသည်။

“ပိုင်ဆိုင်မှုအထောက်အထား မရှိ တော့ အိမ်အငှားသဘောနဲ့နေထိုင် နေရ သလို ခံစားနေရတယ်” ဟု အစားထိုး လုံးချင်းနေ အသက် ၄၀ ကျော်ရှိ အမျိုး သမီးတစ်ဦးက ပြောပြသည်။
ကုမ္ပဏီဘက်ကမူ ပိုင်ဆိုင်မှု အထောက်အထားများ ပေးအပ်နိုင်ရန် အတွက် အစိုးရရုံးများတွင် ဆောင်ရွက် နေဆဲသာဖြစ်ပြီး ဂရမ်အမည်ပေါက်ရ သည်အထိ ပြုလုပ်ပေးသွားမည်ဟု ပြော သည်။
“တိုက်တစ်လုံးလုံး ပေးထားပြီး မှတော့ ပိုင်ဆိုင်မှု အထောက်အထား တွေကို သေချာပေါက်ပေးသွားမှာပါ”  ဟု MFD ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဘုန်းဝင်းက ပြောသည်။အစိုးရရုံးများတွင် ကြန့်ကြာမှုများ ရှိနေသည့်အတွက်ဟုဆိုကာ မည်သည့် အချိန်တွင် ရရှိမည်ကို ကုမ္ပဏီက ခန့် မှန်း ပြောဆိုနိုင်ခဲ့ခြင်း မရှိပေ။မြိတ်စီးပွားရေးဇုန် ဧရိယာ အတွင်း ရှိ အခြေခံ မူလွန်စာသင်ကျောင်းအတွက် အစားထိုးတိုက်တစ်ဆောင်၊ ဘုန်းတော် ကြီး ကျောင်းအတွက် အစားထိုး ဘုန်း တော်ကြီးကျောင်းတစ်ဆောင်နှင့် နေအိမ် များအတွက် အစားထိုးလုံးချင်းတိုက် များကို ဆောက်လုပ်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း MFD ကုမ္ပဏီမှ သိရသည်။
မြိတ်စီးပွားရေးဇုန်စီမံကိန်းတွင် ဆိပ်ကမ်းဇုန်၊ စီးပွားရေးနှင့် ကုန်သွယ် မှုဇုန်၊ စီးပွားရေး အဆောက်အဦများဇုန်၊ တန်ဖိုးနည်း၊ တန်ဖိုးသင့် အဆင့်မြင့် အိမ်ရာဇုန်များ၊ စက်မှုဇုန်၊ အားကစားနှင့် အပန်းဖြေနားနေနိုင်သော စိမ်းလန်းဇုန်၊ ထပ်မံတိုးချဲ့မည့် ဧရိယာများနှင့် လမ်း ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ယင်းစီမံကိန်း ဧရိယာ ၇၀၀ ဧကကျော်ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်နေပြီး ၁၀ နှစ် ဝန်းကျင်ခန့်အတွင်း အပြီးသတ်မည် ဟု ခန့်မှန်းထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။