လူထုကန့်ကွက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး မော်လမြိုင် ဘိလပ်မြေစက်ရုံ ဆက်လက်လည်ပတ်ဖွယ်ရှိ

0
442

ဒေသခံ ပြည်သူများ ကန့်ကွက်နေ သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည် ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ဆက်လက်လည်ပတ်ဖွယ်ရှိ သည်ဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး စောကျော်ဝင်းမောင်က ပြောသည်။


ဩဂုတ်လ ၁ ရက်က ကျင်းပခဲ့ သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဦးစော ကျော်ဝင်းမောင်မှ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှု အခြေအနေ လေ့လာ စိစစ်ရေး ပညာရှင်အဖွဲ့ ဖွဲ့၍ သုတေသန ပြု စိစစ်သုံးသပ်ချက်များ ထုတ်ပြန် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအပေါ် သက်ဆိုင် ရာဝန်ကြီးဌာ၏ ပြန်လည်ဖြေကြားချက် သည် စက်ရုံဆက်လက် လည်ပတ်မည့် သဘောရှိသည်ဟု ၎င်းက ပြောသည်။

 
” အရင် အစိုးရလက်ထက်က အစိုးရရယ် အဲဒီကုမ္ပဏီရယ် သဘောတူ ထား ပြီးတော့ အရည်အသွေး စိစစ်ရေး တို့  သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စိစစ်ရေးတို့ အဲဒီအတွက် ကုမ္ပဏီတစ်ခု third party လို့ခေါ်တဲ့တတိယအဖွဲ့ အစည်းပေါ့ ငှားလိုက်တယ်၊ အဲဒီအဖွဲ့ ကနေ  report  (အစီရင်ခံစာ) ထွက်လာ တဲ့ အဲဒီ report မှာ ဒီစက်ရုံနဲ့ ပတ်သက်ပြီး ဆက်လက် စစ်ဆေးရန် မလိုဘူးလို့ ပြော ထားတယ်ဗျ၊ အဲဒီတော့ ဆက်လည်မယ့် သဘောရှိတယ်၊ ဒီဟာ က ပြီးခဲ့တဲ့အစိုးရ လက်ထက်ကတည်းက စိစစ်ထားပြီး သားဖြစ်တယ်၊ ထပ်မံ ပြီးတော့ ပညာရှင် တွေအနေနဲ့ ဖွဲ့စည်း ပြီးတော့ စိစစ်စရာ မလိုဘူးလို့ စက်ရုံထဲက အချက်အလက် တွေပါပြီး သား သဘာဝ ပတ်ဝန်းကျင် လည်း စိစစ်ထားပြီးသားဆိုပြီး ပြောတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က ပြောသည်။

 
အဆိုပါ မေးမြန်းချက်နှင့် ပတ် သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ဒေသခံ ပြည်သူလူထု ကန့်ကွက်ထား မှုနှင့် ပတ်သက်ပြီး ဇွန်လ ၁ ရက်က ကွင်းဆင်း လေ့လာခဲ့ပြီး လျှပ်စစ်ဓာတ် အားလိုအပ်ချက် ၄၀ မဂ္ဂါဝပ်ရှိသည့် အတွက်ကြောင့် ၂၀ မဂ္ဂါဝပ်ထုတ်နိုင်သည့် ဓာတ်အားပေး စက်ရုံနှစ်ရုံကို တည် ဆောက်ထားပြီး ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ထားမှုရှိသည်ကို စစ်ဆေး တွေ့ရှိထားသည်ဟုလည်း ဖြေ ကြားထားသည်။

 
ဘိလပ်မြေစက်ရုံသည် နိုင်ငံတော် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ် ဘဲ မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd.  မှ အစု ရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိ ကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၃၆ ခုနှစ် မတ်ထိ နှစ်ပေါင်း ၂၅ နှစ် ကြာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစား သည့် စနစ်ဖြင့် လုပ်ငန်းစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိသည်။

 
၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လ အတွင်း ထုံးကျောက်စုစုပေါင်း ၄၅၆၅၈၀ မက်ထရစ်တန်ကို ထုတ်လုပ် ပြီးကြောင်း နှင့် လုပ်ငန်း စာချုပ်အရ စုကြေးငွေ ကျပ် ၂ သန်း၊ ဓာတ်သတ္တုခွန် ၃ ရာခိုင် နှုန်းအတွက် ကျပ် ၁၆၈.၃၇ သန်းနှင့် လုပ်ငန်း ဝေစုအတွက် ငွေကျပ် ၁၅၉၄.၃၈ သန်းကိုလည်း နိုင်ငံတော်သို့ ပေးသွင်းပြီး ဖြစ်သည်ဟု ပြောသည်။MCL ကုမ္ပဏီမှ နှစ်စဉ် အသား တင်အမြတ်ငွေ ၂ ရာခိုင်နှုန်းကို လူမှုရေး တာဝန်ရှိမှု (CSR ) အဖြစ် သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို သုံးစွဲပြီးနိုင်ငံတော်အစိုးရမှ သတ်မှတ် ထားသော အခွန်အခများကိုလည်း ပေး ဆောင်သွားမည်ဖြစ်သည်ဟု ဦးအုန်းဝင်း က ဖြေကြားထားသည်။

 
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားသုံးစွဲပြီး လည်ပတ်ရန် စီစဉ်နေသည့် MCL စက်ရုံကို ရပ်တန့်ပေးရန် ဒေသခံ ၃၇၀၀ ကျော်တို့က လက်မှတ်ထိုး ဧပြီလ မွန်ပြည်နယ်အစိုးရနှင့်  မွန်ပြည်နယ် လွှတ်တော်တို့ထံ  တင်ပြထားပြီးဖြစ်သလို ဒေသတွင်း မှာလည်း ကန့်ကွက်သည့် လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင် လျက်ရှိကြသည်။

 
ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အားဖြင့် လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံသည် အမေရိကန် ဒေါ်လာ သန်း (၄၀၀) ရင်းနှီးမြှုပ်နှံ ထားပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်လည်ပတ်သွားမည်ဟု စက်ရုံစီမံ ကိန်းအစီရင်ခံစာအရ သိရသည်။