လူသတ်မူဖြင့် ထောင်ကျဖူးသူထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ

0
441

ကော့သောင်းမြို့ ရွှေပြည်စိုးကျေး ရွာတွင် လူသတ်မှုဖြင့် ထောင်ကျဖူးသူ ထံမှ စိတ်ကြွဆေးပြား ၄၀၀ ကျော်ကို ဇူလိုင်လ ၃၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။


၎င်းထံမှ ပန်းရောင်စိတ်ကြွဆေး ပြား ၄၁၁ ပြား အစိမ်းရောင် ၄ပြား စုစုပေါင်းစိတ်ကြွဆေးပြား ၄၁၅ ပြား (ကာလတန်ဖိုး ၂၀၇၅၀၀၀ ကျပ်ခန့်) နှင့် ဆေးပြားရှုရာတွင် အသုံးပြုသောဆက် စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။ WY စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိခဲ့သည့် ဟိန်းကိုမင်းသည် ၂၀၀၉ ခုနှစ်တွင် လူသတ် ဆိုင်ကယ်လု ယက် မှုဖြင့်ပြစ်ဒဏ်ကျ ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာ သူတစ်ဦးလည်းဖြစ်သည်ဟု မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

 
၎င်းသည်ထောင်မှ လွတ်လာပြီး နောက်ပိုင်း မူးယစ်ဆေးဝါးရောင်း ချခြင်းနှင့် ခိုးရာပါ ဆိုင်ကယ်များ လက်ခံခြင်းများရှိကြောင်း ကျော်ဇောသ တင်းများရှိသဖြင့်ရဲတပ်ဖွဲ့၏ မကြာခဏ စစ်ဆေးမူ စောင့်ကြည့်မှု ခံရသူ တစ်ဦး ဖြစ်သည်ဟု ကော့သောင်းမြို့မ ရဲစခန်း စခန်းမှူးက ပြောသည်။