အချစ်အတွက် တစ်နေရာ

0
1226

သူတို့အဆိုအရ နေရာရှားသည်။ သမီးရည်း စား စုံတွဲများ အေးအေးလူလူ တွေ့ဆုံနိုင်မည့်နေရာ သို့မဟုတ် အချစ်အတွက် နေရာကားထားဝယ်မြို့ တွင် ရှားပါးလွန်းသည်ဟု မြို့ခံသမီးရည်းစား စုံတွဲများက ပြောသည်။


ချစ်သူစုံတွဲများ လွတ်လွတ်လပ်လပ်တွေ့နိုင် သည့်နေရာများဖြစ်သည့် ပန်းခြံများ၊ အအေးဆိုင် များ ထားဝယ်မြို့တွင် မရှိ၍မဟုတ်။ ရှိသည်။သို့သော် နည်းပါးလှသည်ဟု ဆိုသည်။” ပန်းခြံကလည်း တစ်ခုပဲရှိတယ်။ အဲဒီမှာကထိုင်တဲ့သူများလို့မထိုင်ဖြစ်ဘူး”  ဟုထားဝယ် တက္ကသိုလ်မှ ဓာတုဗေဒကျောင်းသူ တစ်ဦးက ဆိုသည်။စုံတွဲများ လွတ်လပ်စွာတွေ့နိုင်သော အခင်း အကျင်းရှိသည့် အအေးဆိုင်မျိုးမှာလည်းတစ်ဆိုင်စ၊ နှစ်ဆိုင်စသာ ရှိသည်ဟု ၎င်းက ဆိုသည်။

 
၎င်းအပြင် ညဘက်တွေ့ကြသည့် သမီးရည်း စားစုံတွဲများမှာ သွားစရာနေရာပင်မရှိဟု ဆိုသည်။
“သွားစရာမရှိလို့ ဆိုင်ကယ်ပဲပတ်ပြီးစီးနေ ဖြစ်တာ များတယ်။ ဘယ်မှလည်းသွားစရာမရှိတာ” ဟု မြောက်ရွာရပ်ကွက်မှ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးက ပြောသည်။ညဘက် သမီးရည်းစားစုံတွဲများ အများဆုံး သွားကြသည့်နေရာမှာ ကျန်းမာရေးလမ်း (အရပ် ခေါ် လမ်းမသစ်) နှင့်လေယာဉ်ကွင်းလမ်း (အရပ် ခေါ်ဂေါက်ကွင်းလမ်း) တို့ ဖြစ်သည်။

 
ပန်းခြံကဲ့သို့ လုံခြုံစိတ်ချစွာချိန်းတွေ့နိုင် သည့်နေရာများမရှိသည့်အတွက် ယင်းသို့လူသူကင်း ရှင်းသည့်နေရာများတွင် ချိန်းတွေ့ကြသည့်စုံတွဲ များသည် ဒုစရိုက်မှုများ ကျူးလွန်ခံရရန်အလွန်နီး စပ်သည်ဟု ထားဝယ်မြို့မှ အသက်၂၇နှစ်အရွယ် ကိုလှသိန်းက ဆိုသည်။”ဂေါက်ကွင်းလမ်းမှာဆို အများပြည်သူအပန် ဖြေဖို့နဲ့ အတွဲတွေစိတ်ချလက်ချချိန်းတွေ့နိုင်ဖို့ လမ်းဘေးဝဲယာမှာ ထိုင်ခုံလေးတွေ တပ်ဆင်ပေး သင့်တယ်၊ နောက်ပြီးလမ်းမီးတွေကိုလည်း လင်း ထိန်နေအောင် ထွန်းပေးသင့်တယ်” ဟုကိုလှသိန်းက ပြောသည်။

 
၎င်းအပြင် တစ်ခုတည်းသော တိုင်းရင်းသား ပန်းခြံ (အရပ်ခေါ် သမိုင်းရုပ်ထုပန်းခြံ) သည်လည်း ညဘက်မီးမရှိသည့်အပြင် အုပ်စုဖွဲ့လူငယ်များ၏နှောင့်ယှက်ခြင်း၊ တစ်ခါတစ်ရံလူများခြင်းတို့ ကြောင့် အဆိုပါပန်းခြံတွင် မထိုင်ဖြစ်ဟုသမီးရည်း စားစုံတွဲအချို့က ဆိုသည်။ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထားဝယ်ဂေါက် ကွင်းတစ်ဝိုက်တွင် ချိန်းတွေ့နေသည့်အတွဲများကို ရဲတပ်ဖွဲ့မှ ခေါ်ယူကာ မိဘထံ အပ်နှံမှုအချို့ရှိခဲ့ သည်။

 
” လမ်းဘေးမှာ တွဲနေတာတော့မခေါ်ပါဘူး၊ဒုစရိုက်မှုတွေ ဖြစ်လာနိုင်ပြီး အကူအညီတောင်းဖို့ မကြားနိုင်တဲ့နေရာတွေမှာ တွဲနေတာတွေကိုခေါ်ပြီး မိဘဆီ ပြန်အပ်တာ။ ဒီနေရာတွေကသတ်ထား တာတောင် သိမှာမဟုတ်ဘူး” ဟု ထားဝယ်မြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 
ဆိုင်ကယ်၊ ပစ္စည်းလုခြင်းနှင့် အသက် အန္တရာယ် ထိခိုက်အောင် ပြုမူခံရနိုင်ခြင်းအစရှိ သည့် ဒုစရိုက်မှုများဖြစ်လာမည်စိုးသဖြင့် ကြိုတင် ကာကွယ်သည့် အနေနှင့်မိဘထံခေါ်ယူအပ်နှံခြင်း ဖြစ်ကြောင်း အဆိုပါရဲအရာရှိက ဆိုသည်။
ဇူလိုင်လအတွင်းက လူပြတ်သည့်နေရာ များ တွင်တွဲနေသည့်အတွဲများကို မိဘထံပြန်လည် အပ်နှံရာအများစုမှာ တက္ကသိုလ်တက်နေသည့် အပြင်ဘော်ဒါဆောင်တွင် နေထိုင်သည့်ကျောင်းသူ၊ ကျောင်းသားများဖြစ်နေကြောင်း ထားဝယ်ရဲစခန်း မှ ရဲအရာရှိက ပြောသည်။

 
“ကျောင်းသူ ကျောင်းသားတွေဆိုတော့ဟို တယ်၊ တည်းခိုခန်းတွေမှာ တွေ့ဖို့မတတ်နိုင်ဘူးလေ” ဟုထားဝယ်တက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးက ဆိုသည်။” ပြီးတော့ ဟိုတယ်၊ တည်းခိုခန်းဆိုတာက လည်း သွားလည်းမသွားရဲကြဘူး။ တစ်ယောက် ယောက်တွေ့သွားရင် မလွယ်ဘူးလေ” လူငယ်သဘာဝ ချိန်းတွေ့ရန်နေရာမရှိသည့် အတွက် လူပြတ်သည့်နေရာများတွင် ချိန်းတွေ့ နေရသော်လည်း အုပ်စုဖွဲ့ငွေညှစ်ခြင်းနှင့်အနိုင် ကျင့်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရသည်ဟု      ဝဲကျွန်းထိန်သစ်ရပ်ကွက်မှ အသက်၂၁နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

 
” လူမရှိတဲ့နေရာမှာ တွေ့တယ်ဆိုပေမယ့် လွန်လွန်ကဲကဲ ကျူးလွန်ဖို့မဟုတ်ဘူး။ မိဘဆွေမျိုး တွေမြင်သွားမှာစိုးလို့ပါ” ဟု ၎င်းကဆိုသည်။အခြား မြို့ကြီးများကဲ့သို့ပန်းခြံများ၊ နေရာ ထိုင်ခင်းစသဖြင့် သမီးရည်းစားစုံတွဲများလွတ် လပ် စွာ တွေ့ဆုံနိုင်သည့် အခင်းအကျဉ်းများလုံလောက် စွာရှိသင့်သော်လည်း လက်ရှိတွင်မူရှိသည့်ပန်းခြံများပင် ပျက်စီးလျက်ရှိသည်ဟု သမီးရည်းစား အတွဲများက ဝေဖန်လျက်ရှိသည်။