သွေးလွန် တုပ်ကွေးဖြစ်ပွားမှု ကျွန်းစု အများဆုံး

0
388

ကျွန်းစုမြို့နယ်တွင် ၇ လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၂၈ ဦးရှိ ပြီး တိုင်းအတွင်းဖြစ်ပွားမှု အများဆုံးဖြစ် သည်ဟု တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းငှက်ဖျား တိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။


ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း ကျွန်းစုမြို့နယ်တွင် ၁၂၈ ဦး၊ မြိတ်မြို့နယ်တွင် ၁၂၆ ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ပြီး သရက် ချောင်းမြို့နယ်တွင် ၇၁ ဦးဖြင့် တတိယ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တိုင်းငှက် ဖျားတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဆရာဝန်က ဆိုသည်။

 
သွေးလွန်တုပ်ကွေးကြောင့် ကျွန်းစု မြို့နယ်တွင် ကလေး ၃ ဦး သေဆုံးခဲ့ပြီး လောင်းလုံးမြို့နယ်တွင် ၁ ဦး သေဆုံး ခဲ့ကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရ သိရသည်။

 
” သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာ တွေဖြစ်လာပြီဆိုရင် ကျန်းမာရေးဌာနက ကျွမ်းကျင်သူတွေနဲ့သာ ပြသကုသသင့် ပြီး ဆေးဆိုင်တွေက စပ်ဆေးတွေ မသောက်သင့်ဘူး”  ဟု တိုင်းငှက်ဖျား တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဇေယျာကျော်က ပြောသည်။
သေဆုံးမှု အချို့ရှိခဲ့သော်လည်း ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးလုပ် ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ခဲ့ သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း ၃ ဆ နီးပါး ကျဆင်းသွား ခဲ့ကြောင်း ၎င်းက ဆိုသည်။

 
ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဇန်နဝါရီ လမှ ဇူလိုင်လ အထိ ၇ လအတွင်း ၁၆၆၆ ဦးဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးခဲ့ကာ ၂၀၁၆ ခုနှစ် ၇ လအတွင်းတွင်မူ ၄၆၂ ဦးသာဖြစ်ပွားခဲ့ပြီး ၄ ဦး သေဆုံးခဲ့ ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေး ဦးစီးဌာနမှ သိရသည်။