အသုဘအိမ် နောက်ဖေးပြိုကျ၊ ကလေး ၈ ဦး ရေနွေးပူလောင်

0
530

ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်း တွင် အသုဘအိမ်နောက်ဖေးပြိုကျရာမှ ကလေး ၈ ဦး ရေနွေးပူလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များ ထံမှ သိရသည်။


ဇူလိုင်လ ၂၃ ရက်က ယင်းအိမ် အပေါ်ထပ် မီးဖိုခန်းတွင် ရေနွေးကျိုနေစဉ် ရုတ်တရက် ပြိုကျသဖြင့် အိမ်အောက်တွင် ဆော့နေသည့် ကလေးများ ရေနွေးပူ လောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ရေနွေးပူလောင်သူများအနက် အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေး ၃ ဦး ဒဏ်ရာများသဖြင့် ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

 

” အရေးပြာအပေါ်ယံကိုသာ လောင် ကျွမ်းခဲ့သည့်အတွက် ကလေးတွေ ရဲ့  အသက်အန္တရယ် စိုးရိမ်စရာမရှိပါဘူး ” ဟု တပ်မတော်ဆေးရုံ မှ ဆေးရုံအုပ်က ဆိုသည်။