အရေးပေါ်လူနာတင်ယာဉ်အား လိမ်ညာဖုန်းဆက်ပါက ဆက်သွယ်ရေး ဥပဒေအရ အမှုဖွင့်မည်

0
464

ထားဝယ်ဒေသတွင် အရေးပေါ်လူနာတင်ယာဉ်များအား လိမ်လည်ကာ ဖုန်းဆက် အကူအညီ တောင်းခံမှု အကြိမ်ရေများလာသည့်အတွက် နောက်ထပ် လိမ်ညာခေါ်ဆိုပါက ရဲစခန်းတွင် ဆက် သွယ်ရေးဥပဒေအရ အမှုဖွင့်သွားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။


၂၀၁၆ ခုနှစ်တွင် ဖုန်းဖြင့် လိမ်ညာကာ အကူအညီတောင်းခံမှု ၅ ကြိမ်ဖြစ် ပေါ်ခဲ့ပြီးဖြစ်ကာ ယင်းကဲ့သို့ လိမ်ညာခေါ်ဆိုမှုများရှိလာသည့်အတွက် အမှန်တကယ် အကူအညီတောင်းခံမှုများကို ပါ ယုံကြည်ရန် ခက်ခဲလာကြောင်း ဇမ္ဗူသီရိအဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။

 
အရေးပေါ်လူနာတင်ယာဉ်အသင်း အဖွဲ့များထံ ဖုန်းဖြင့် လိမ်ညာအကူအညီ တောင်းခံခြင်း၊ ရဲစခန်းအသီးသီး၏ ဖုန်းများကို နှောင့်ယှက်ခေါ်ဆိုခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။