ထားဝယ်တွင် လေးရက်အတွင်း အမျိုးသားနှစ်ဦး ဆွဲကြိုးချသေ

0
416

ထားဝယ်တွင် ဩဂုတ်လ ၃ ရက်မှ ၆ ရက်အထိ လေးရက်အတွင်း အမျိုး သားနှစ်ဦးဆွဲကြိုးချ သတ်သေ ခဲ့ကြ ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရ သည်။


အထက်ပါ ရဲစခန်း၏ မှတ်တမ်း အရ ဩဂုတ်လ ၃ ရက်က ထားဝယ်မြို့ ဆန်းချီရပ်ကွက် ၈ လမ်းရှိ ဘော်ဒါ ဆောင်တစ်ခုတွင် အသက် ၄၂ နှစ် အရွယ် ဘော်ဒါဆောင်ပိုင်ရှင် အမျိုးသား သည် မွန်းလွဲအချိန်တွင် နေအိမ်ဘော်ဒါ ဆောင်အပေါ်ထပ်ရှိ သစ်သားတန်းတွင် ကြိုးဆွဲချသေဆုံးခဲ့သည်။

 

ဩဂုတ်လ ၆ ရက် မနက်စောစော အချိန်တွင် ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ကမ်းနားလမ်း (ပတ္တလားတံတားအနီး) သဲဆိပ် တံတားပေါ်တွင် အသက် ၄၅ နှစ်အရွယ်ခန့် အမည်မသိ အမျိုးသား တစ်ဦး ရေလုပ်သားသုံး ရေလဲပုဆိုးအား အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့သည်။