မွန်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းနှစ်ခု တင်သွင်းမည်

0
470

လာမည့် ဒုတိယအကြိမ် မွန်ပြည် နယ်လွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် ဥပဒေကြမ်းနှစ်ခု တင်သွင်း မည်ဟု မွန်ပြည်နယ်လွှတ်တော် ဥပဒေ ပြုရေးကော်မတီထံမှ သိရသည်။

တင်သွင်းမည့် ဥပဒေကြမ်းနှစ်ခုမှာ မွန်ပြည်နယ်အခွန်အခဥပဒေနှင့် အသေး စားနှင့်အလတ်စား လျှပ်စစ်ဥပဒေ နှစ်ခု ဖြစ်သည်ဟု mon_palimentမွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင် လဲ့က ပြောသည်။ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်  တော်ကို ဖေဖော်ဝါရီလ ၈ ရက်က စတင် ကျင်းပခဲ့ပြီး  ပထမပုံမှန် အစည်းအဝေး၊ အထူး အစည်းအဝေးနှင့် ဒုတိယပုံမှန် အစည်းအဝေးဟူ၍ အစည်းအဝေး ၃ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း မေးခွန်း၊ အဆိုမေးမြန်း တင်ပြဆွေးနွေး ခြင်းသာရှိပြီး ဥပဒေကြမ်း တင်သွင်းမှု မရှိခဲ့ သေးပေ။

 
တတိယပုံမှန် အစည်းအဝေးကို ဩဂုတ်လအတွင်း ကျင်းပမည်ဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရသေး ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။” ဒီအစည်းအဝေးခေါ်ရင်တော့ ဥပဒေကြမ်း တင်နိုင်အောင်တော့ ဥပဒေ ကြမ်း ကော်မတီကလည်း ဥပဒေကြမ်း တွေ ဆွေးနွေး အချောသပ်နေတာ မျိုးရှိ တယ်” ဟု ၎င်းက ပြောသည်။

 
မွန်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ၊ တိုင်းရင်းသား လူမျိုးများရေးရာ ကော် မတီ၊ ဥပဒေ အကြံပြု စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၊ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်း ရေးကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ် စိစစ် ရေးကော်မတီ စသည့် ကော်မတီ ၆ ရပ် ဖွဲ့စည်းထားသည်။