စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့်အညီ ဖြစ်လာစေရန် လုပ်ဆောင်မည်

0
463

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ ဖြစ်လာစေရန် လုပ်ဆောင် မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေးက ပြောကြားသည်။ဥပဒေကို လိုက်နာသည့် စီးပွား ရေးလုပ်ငန်းရှင်များရှိသကဲ့သို့ ဥပဒေ မလိုက်နာသည့် လုပ်ငန်းရှင်များလည်း ရှိသည့်အတွက် အားလုံးကို ဥပဒေ နှင့်အညီ လုပ်ကိုင်လာစေရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောကြားသည်။


” ဥပဒေကို မလိုက်နာရင် ဘာ ကြောင့် မလိုက်နာနိုင်တာလဲ။ ဥပဒေမှာ လိုအပ်ချက် ရှိနေလို့လား။ ပြန်ပြီး သုံးသပ်မယ်။ လိုအပ်ရင် ပြင်မယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။စီးပွားရေးလုပ်ငန်း တစ်ခုချင်းအတွက် ရှိပြီးသား ဥပဒေများကို သုံးသပ်၍ ပြင် ဆင်ခြင်း၊ လိုက်နာရန် စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ လှုံ့ဆော် ခြင်းများကို လုပ်ဆောင်မည်ဖြစ်ပြီး ဥပဒေမရှိသေး ပါက ပြဌာန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 
တိုင်းလွှတ်တော်မှ မပြင်ဆင်၊ မပြဌာန်း နိုင်သည့် ဥပဒေများကိုမူ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များကို အကူညီ တောင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ထားဝယ်ခရိုင်အတွင်းရှိ စီးပွာရေး လုပ်ငန်းရှင်များနှင့် ဇူလိုင်လကုန်က တွေ့ဆုံခဲ့ပြီး မြိတ်နှင့် ကော့သောင်း ခရိုင်တို့မှ စီးပွားရေး လုပ်ငန်းရှင်များ နှင့်လည်း တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။အဆိုပါ စီးပွားရေးလုပ်ငန်းရှင် များ၏ တင်ပြချက်များနှင့် ပက်သက်၍ အစီရင်ခံစာပြုစုကာ တိုင်းအစိုးရအဖွဲ့သို့ ပေးပို့အကြံပြု သွားမည်ဖြစ်ကြောင်း သိရသည်။

 
အခွန်နှုန်းထား သတ်မှတ်ချက်များ များပြားလွန်းသည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များ မလိမ်ချင်ဘဲ လိမ်နေ ကြရကြောင်း ထားဝယ်ဒေသမှ ဆန်လုပ် ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။” ပြည်သူတွေ ပေးဆောင်နိုင်တဲ့ မမာဏတစ်ခုအထိ လျော့ချနိုင်ဖို့ စဉ်း စား သင့်တယ်” ဟု အဆိုပါ ဆန်လုပ် ငန်းရှင်က ပြောသည်။

 
အခွန်နှုန်းထားများ ကြီးမြင့် လွန်းသည့်အတွက် လုပ်ငန်းရှင်ပြည်သူ များမှ ၎င်းတို့၏လုပ်ငန်းများကို အမှန် တိုင်းပြောမည် မဟုတ်သဖြင့် နိုင်ငံတော် ဝင်ငွေလည်း ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။စီးပွားရေး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို စုစည်း၍ တနင်္သာရီ တိုင်း ဒေသကြီးအတွက် ရှေ့ဆက်လုပ် ဆောင်မည့် ဘက်စုံလွှမ်းခြုံရေးဆွဲထား သည့်စီမံချက် (Master Plan) ကို စီးပွားရေးအကြံပေး ပညာရှင်များနှင့် တိုင်ပင်ကာ ရေးဆွဲရန် အစီအစဉ်ရှိ ကြောင်း သိရသည်။