ပဲ့တိုင်စာသင်ကျောင်းတွင် အလှူငွေကောက်ခံ၊ ရွာသားအချို့ မကျေနပ်

0
441

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)မှ ကျေးရွာတွင် အလှူငွေ ကောက်ခံသည့် ကိစ္စအား ရွာသားအချို့က မကျေမနပ် ဖြစ်လျက်ရှိသည်။စာသင်ကျောင်းများတွင် အလှူငွေ လုံးဝ မကောက်ခံရဟု သိထားသည့် အတွက် ယခုကဲ့သို့ တစ်ရွာလုံးအနေဖြင့် အလှူငွေကောက်ခြင်းမှာ မဖြစ်သင့်ဟု ယင်းရွာနေ အသက် ၅၀ ကျော် အရွယ် ရွာသားတစ်ဦးက ပြောသည်။


” လိုအပ်ရင် နီးစပ်ရာမိတ်ဆွေတွေ ဆီက အလှူငွေ ကောက်ခံနိုင်ပါတယ်” ဟု ယင်းရွာနေ အသက် ၅၀ ကျော်ရှိ ရွာ သားတစ်ဦးက ပြောသည်။ရွာသူ/သားများနှင့် ဆယ်အိမ်စု ကိုယ်စားလှယ်များ ရာအိမ်မှူး ကျောင်း အုပ် ဆရာမကြီးတို့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကာ အားလုံး သဘောတူညီ ချက်ဖြင့်နေအိမ်တစ်ဆောင်လျှင် အလှူ ငွေကျပ်၅၀၀စီထည့်ဝင်ကြရန် ဆုံးဖြတ်ခဲ့ ကြကြောင်း ရာအိမ်မှူး ဦးအောင်စိုးက ပြောပြသည်။

 
“ကျောင်းကကောက်ခိုင်းလို့ ကောက်ရတာ မဟုတ်ပါဘူး၊ အစည်း အဝေးဆုံးဖြတ်ချက်အရ တစ်အိမ်ကို ငါးရာကျပ်နှုန်းသတ်မှတ်တာပါ စေတနာ အလျောက် ထည့်ဝင်ကြတာပါ။ မထည့် မနေရဘူးလို့ မပြောထားပါဘူး၊ မထည့် တဲ့အိမ်တွေလည်း ရှိပါတယ်၊ အများစု ကတော့ လိုလိုလားလားနဲ့ ထည့်ဝင်ကြ တာပါ”  ဟု ရာအိမ်မှူး ဦးအောင်စိုးက ပြောသည်။
အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှ အလယ်တန်းကျောင်းအဖြစ်သို့ တိုးမြှင့်ရန် သက်ဆိုင်ရာ ပညာရေးမှူး ရုံးများနှင့်ဌာနဆိုင်ရာများသို့ အမှုတွဲများ တင်ပြရမည်ဖြစ်ရာ ယင်းအတွက် ကုန် ကျငွေများနှင့် ခရီးစရိတ်များ အတွက် လိုအပ်မှုများ ရှိနေကြာင်း ရာအိမ်မှူး ဦးအောင်စိုးက ပြောသည်။

 
” ရွာသားတွေက စေတနာနဲ့ထည့်ဝင် ကြတာပါ၊ တချို့ဆိုရင် ငါးထောင် တစ်သောင်းအထိ လှူတာတွေရှိပါတယ်၊ ရာအိမ်မှူးကလည်း တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကောက်တာ မဟုတ်ပါ ဘူး” ဟု ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက ပြောပြသည်။
ပဲ့တိုင်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်း သား/သူ ၅၀၀ ဦးကျော်ရှိပြီး ကျေးရွာတွင် နေအိမ် ၃၀၀ ကျော်ရှိကြောင်း ယင်း ကျောင်းထံမှ သိရသည်။