ကနန်းတောင်ပေါ်တွင် တိုင်းအတွင်း အကြီးဆုံးထိုင်တော်မူဘုရားတည်

0
524

တနင်္သာရီတိုင်းအတွင်း အကြီးဆုံး ဖြစ်လာမည့် ထိုင်တော်မူဘုရားတစ်ဆူကို ကနန်းတောင်ပေါ်တွင် တည်နေကြောင်း ကျောက်ထောင့် ကျေးရွာ ဝေမိဿက ကျောင်း ဆရာတော်ထံမှ သိရသည်။


big_buddha_imageဥာဏ်တော် ၁၈၉ ပေ ရှိမည့် မုနိမဟာမုနိ ထိုင်တော်မူဘုရားကြီးကို လာမည့် ၂နှစ်အတွင်း ပြီးစီးရန် လျာ ထားပြီး ငွေကျပ်သိန်းပေါင်း သုံးသောင်း ခန့်ကုန်ကျမည်ဟု ခန့်မှန်း ထားသည်။ထားဝယ်ဇာတိ ရန်ကုန်မြို့မှ အလှူ ရှင်တစ်ဦးမှ မတည်အလှူငွေ ကျပ်သိန်း ပေါင်း ၃၅၀၀ ကနဦး မတည်လှူဒါန်း ထားကြောင်း ဘုရားကြီး တည်ဆောက်ရေး ဦးစီးနာယက ကျောက်ထောင့်ကျောင်း ဆရာတော်က မိန့်ကြားသည်။

 
“စေတနာရှင် ပြည်သူတွေလည်း အလှူလာထည့်ဝင်နိုင်ပါတယ်” ဟု ဦးစီး နာယက ဆရာတော် ဦးပညာဇောတ က မိန့်သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ ၂၆ ရက်တွင် စတင်အုတ်မြစ်ချပြီး ၂၀၁၈ ခုနှစ်တွင် ပြီးရန် မျှော်မှန်းထားကာ လက်ရှိအချိန်တွင် ပလ္လင်တော်နှင့် အောက်ခြေ အဆောက်အအုံ ၆၀ ရာခိုင် နှုန်းခန့် ပြီးစီး နေပြီဖြစ်ကြောင်း ဦးစီးနာ ယက ဆရာတော်က မိန့်ကြားသည်။
ထားဝယ်ဒေသတွင် ဘုရားများ တည်ထားသည့် တောတောင်များထဲတွင် ကနန်းတောင်မှာလည်း ထင်ရှားသည့် နေရာတစ်ခု ဖြစ်သည်။
ကနန်းတောင်သည် ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာအနီးတွင် တည်ရှိ သည်။