ပထမ မရချင်ပါ ( တိုင်းလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သုံးသပ်ချက် )

0
568

ဒုတိယအကြိမ် တိုင်းလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၄ ရက်တာ ကျင်းပ အဆုံးသတ်ခဲ့လေပြီ။
မေးခွန်း ၄၁ ခု၊ အဆို ၂ တင်သွင်း ဆွေးနွေးခဲ့သော အစည်းအဝေးသည် ထင်မှတ်ထားသည်ထက် အသက်ဝင် လှုပ်ရှားခဲ့သည်။

ထင်မှတ်မထားသည် များလည်း ဖြစ်ပျက်ခဲ့သည်။ တိုင်းသူ တိုင်းသားများအတွက် အားရကျေနပ်မှု အချို့ရှိခဲ့သလို မချင့်မရဲ စိတ်ပျက်ဝမ်း နည်းခဲ့ရမှုများလည်း ကြုံခဲ့ရလေသည်။ တိုင်းအစိုးရသစ်နှင့် လွှတ်တော် ကိုယ်စားလှယ်သစ်များ၏ ပထမဆုံးသော အမေးအဖြေပွဲဖြစ်သည့်အားလျော်စွာ တိုင်း၏ ရှေ့အနာဂတ်အတွက် တိုင်း လွှတ်တော်သစ်၏ အရည်အသွေးကို မှတ်ကျောက်တင်ကြည့်သော အခါ..။

hlut_taw

လမ်းပျောက်နေဆဲ တိုင်းအစိုးရ
အစည်းအဝေး ပထမနေ့တွင် ဝန်ကြီးချုပ် မိန့်ခွန်းပြောသည်။ ယင်းမိန့် ခွန်းသည် တိုင်းအစိုးရအဖွဲ့မှ တိုင်းသူ တိုင်းသား အားလုံးအား လွှတ်တော်မှ တစ်ဆင့်ပြောခြင်းပင် ဖြစ်သည်။ တာဝန် ထမ်းဆောင်ပြီး ကာလအတွင်း ပထမဆုံး အကြိမ်ပြောသည့် မိန့်ခွန်းဖြစ်သလို ရက် ၁၀၀ အလွန် မိန့်ခွန်းလည်း ဖြစ်နေသည်။ သို့ကြောင့် များစွာ မျှော်လင့်မိသည်။
တိုင်းအတွင်း အကြီးဆုံး ပြဿနာ များဖြစ်သည့် လျှပ်စစ်၊ မူးယစ်ဆေး၊ မြေယာနှင့် ပင်လယ်ပြင် တရားဥပဒေစိုးမိုး ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့အတွက် မူဝါဒ များ၊ ထင်သာမြင်သာသည့် ရှေ့လုပ်ငန်း စဉ်များကို တင်ပြသင့်သည်။ လိုအပ်က လွှတ်တော်တွင် ဆွေးနွေးသင့်သည်။
ယခုမိန့်ခွန်းကား အားမနာစတမ်း ပြောရလျှင် ဌာနဆိုင်ရာတို့၏ လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်ဆောင်ခဲ့သည်များကို စာရင်းပြုစုကာ အစိုးရအဖွဲ့၏ ဟန်းနီးမွန်းခရီးစဉ်တစ်ချို့နှင့် ဖြတ်ညှပ်ကပ် လာရောက် ဖတ်ပြသည့်အဆင့်ထက် မပို။
နောင်မိန့်ခွန်းများတွင် ရွေးကောက် ပွဲဆောင်ပုဒ် “ပြောင်းလဲချိန်တန်ပြီ”  အညီ လုပ်ငန်းစဉ်နှင့်အညီ ပြဿနာ အရပ်ရပ် အတွက် တိကျခိုင်မာသော မူဝါဒများ ချမှတ် အကောင်အထည်ဖော်နေပါ ကြောင်းများ ကြားချင်မိပါသည်။

လွှတ်တော်ဥက္ကဋ္ဌ မချော်သင့်
တိုင်းလွှတ်တော်သည် အခြားတိုင်း များနှင့်ယှဉ်လျှင် အချိန်နှောင်းမှ အိပ်ယာ ထ၏။ သို့သော် လွှတ်တော်ဥက္ကဋ္ဌက ဆက်စပ်(ထပ်ဆင့်) မေးခွန်းများ လှိုင် လှိုင်မေးခွင့်ပြုကာ အသက်သွင်းလိုက် သဖြင့် လွှတ်တော်တွင် ပြည်သူ့ဆန္ဒတို့ လွတ်လပ်စွာ ပွင့်ဝေခွင့် ရခဲ့လေသည်။
မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးမှ ဖြေဆိုပြီးတိုင်း “မေးမြန်းသည့် လွှတ် တော်ကိုယ်စားလှယ်၏ ဆန္ဒကို သိရှိလို ပါတယ်” ဟူသည့် လွှတ်တော်ဥက္ကဋ္ဌ၏ အသံကို ကြားရသည်မှာ မင်္ဂလာရှိလေစွ။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု မေးမြန်းကြသည့် လွှတ်တော်ကိုယ်စား လှယ်များ တိကျရှင်းလင်းသည့် အဖြေရ သည်အထိ မေးမြန်း ခွင့်ပြုခြင်းဖြစ်၍ လွှတ်တော်တွင် ပြည်သူ့ဆန္ဒများ ထင် ဟပ်လာနိုင်ကိန်း မြင်မိသဖြင့် ကျေနပ် ပီတိ ဖြစ်မိ၏။ သာဓုအကြိမ်ကြိမ် ခေါ်မိ ၏။
သို့သော် နောက်ဆုံးနေ့ အစည်း အဝေးတွင်ကား မထင်မှတ်ဘဲ ချော်ခဲ့ချေ သည်။

 
အဆိုတစ်ခုကို ဝိုင်းဆွေးနွေး၏။ ဆွေးနွေးသူအားလုံးက အပြုသဘော ထောက်ခံ ဆွေးနွေးကြ၏။ ကန့်ကွက်သံ မကြားရ။ သို့သော် အဆိုရှင်က မဲခွဲ ဆုံးဖြတ်လိုကြောင်း တင်သွင်း၏။ လွှတ် တော်ဥက္ကဋ္ဌက လျှို့ဝှက်မဲဖြင့် ဆုံး ဖြတ် မည်ဟု ချက်ခြင်း အမိန့်ချကာ မဲပေး အခင်းအကျင်း ပြင်ဆင်ရန် လွှတ်တော် ၁၅ မိနစ် နားလိုက်လေ၏။

 
မဲပေးကြရမည့် လွှတ်တော်ကိုယ်စား လှယ်နှင့် အစိုးရအဖွဲ့တို့ မည်သို့နေမည် မသိ။ လေ့လာသူတို့ “ကြောင်” ကုန်၏။ အားလုံး ထောက်ခံဆွေးနွေးနေသည့် အဆို၊ ကန့်ကွက်သံ မကြားရသည့်အဆို တစ်ခုအား ဘာအတွက် မဲခွဲမည်နည်း။ အတိုက်အခံ ငြင်းဆန်သူမရှိပါဘဲ လျှို့ဝှက် မဲပေးဆုံးဖြတ်ရန် မဲပုံးများ လွှတ်တော် ထဲ ရောက်လာလေသည်။
၁၅ မိနစ်နားပြီး ပြန်စသောအခါ ယင်းအဆိုအား”ထောက်ခံပါသလား”  ဟု လွှတ်တော်ဥက္ကဋ္ဌက ၃ ကြိမ် မေး သည်။ အားလုံးက ထောက်ခံကြောင်း ဖြေသည်။ ” အဆိုအား ကန့်ကွက်မယ့်သူ ရှိပါသလား”  မေးသောအခါ မည်သူမျှ မကန့်ကွက်။ ထိုအခါ ယင်းအဆိုအား အတည်ပြုကြောင်း ကြေညာလိုက်သည်။
မဲပေးရာတွင် ကူညီဆောင်ရွက်ရန် ရောက်လာသည့် လွှတ်တော်ဝန်ထမ်း များနှင့် လေ့လာသူများသာ အူလည်လည် ဖြစ်ကုန် ရလေသည်။ လွှတ်တော်အလယ် ရောက် မဲပုံးများကား ဖိုးသီးချိုတိုက်ရိုက် ရုပ်သံလိုင်းနှင့်တကွ မီဒီယာသမားတို့၏ ကင်မရာထဲမှ ဟာသသရုပ်ဆောင်များ ဖြစ်ခဲ့ရလေပြီ။
လက်ဝှေ့ပွဲများတွင် ကြေညာနေကျ စကားတစ်ခွန်း ရှိသည်။
” အကြီးတန်းတွေမို့ စည်းကမ်း ပြောဖို့ မလိုဘူးခင်ဗျား..။”
လွှတ်တော်ဥက္ကဋ္ဌနှင့် အဆိုရှင်ကိုယ် စားလှယ်တို့” အိမ်စာ” ညက်ရန်လို သေး သည်။

လွှတ်တော်ကြယ်ပွင့်များ ဈေးပေါ
မေးခွန်း ၄၁ ခုတွင် လမ်းဖောက်၊ အဆောက်အဦးဆောက် စသည့် လက်ငင်း ရုပ်ဝတ္ထုဖွံ့ဖြိုးရေးမေးခွန်း ၃ ပုံ ၂ ပုံ ခန့် ပါဝင်နေသည်ကို တွေ့ရသည်။ဖွံ့ဖြိုးမှု နှေးကွေးနိမ့်ကျဆဲ တိုင်း အတွင်း၌ မေးခွန်းပါ တည်ဆောက်ရေး လုပ်ငန်း အားလုံးနီးပါးသည် အမှန်ပင် အရေးပေါ် လိုအပ်နေနိုင်ပါသည်။ လွှတ် တော်တွင် မေးမြန်းက ဖြေဆိုမှုတိုင်း ကတိကဝတ်ဖြစ်၍ လွှတ်တော်ကိုယ်စား လှယ်များမှ မဲဆန္ဒရှင်များအား ပြန်လည် ရှင်းပြရာတွင် ခိုင်မာတိကျနိုင်သည်။

 
သို့သော် အချို့ မေးခွန်းများသည် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် အချိန်ဖဲ့ မေးမြန်းရန် သင့်^မသင့်ကို လွှတ်တော် ကိုယ်စားလှယ်များမှ ချိန်ဆ သင့်လှသည်။မိမိကိုယ်စားပြု ရပ်ရွာဖွံ့ဖြိုးရေး မေးခွန်းအများစုအား ကြယ်ပွင့်ပြအဖြစ် လွှတ်တော်တွင် မေးမြန်းခြင်းအစား ကြယ်ပွင့်မပြအဖြစ် လွှတ်တော်မှတစ်ဆင့် အစိုးရအဖွဲ့သို့ မေးမြန်းခြင်းပြုခြင်း၊ သက်ဆိုင်ရာဝန်ကြီးနှင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခြင်းများ ပြုလုပ်လျှင် မရ၏လော။ ပို၍ပင် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟု ယူဆပါသည်။ (လွှတ်တော်ထဲတွင် ဝန်ကြီးများ၏ဖြေဆို မှုကို မကျေလည်ပါဘဲ အကြောင်း အမျိုး မျိုးထောက်ကာ ဆက်စက်ထပ်ဆင့် မေးခွန်း မထုတ်ကြတော့ကြောင်း လွှတ်တော် ကိုယ်စားလှယ်တို့၏ မျက်နှာတွင် ပေါ်လွင် လွန်းနေသည်)။
ယခုအစည်းအဝေးတွင် ယင်း ရုပ်ဝတ္ထု ဖွံ့ဖြိုးရေးမေးခွန်းအားလုံးနီး ပါးအတွက် တိကျသော အဖြေ မရခဲ့ကြ။
“ပြည်ထောင်စုသို့ တင်ပြပြီး ရလျှင် လုပ်ပေးမည်’  ဟူသော မရေရာ ဝိုးတဝါး အဖြေမျိုးအတွက် အစည်းအဝေး အချိန် ဖြုန်းသလို ဖြစ်ခဲ့လေသည်။

 
တိုင်းလွှတ်တော် အစည်းအဝေး များသည် တစ်တိုင်းလုံးနှင့်သက်ဆိုင် သည့် အဆိုများ ဥပဒေပြုရေးများ၊ မူဝါဒ ချမှတ်ရေးများ ရေရှည်အကျိုးပြု လုပ်ငန်း စဉ်ချမှတ်နိုင်ရေးများအတွက် အကြေ အလည်ညှိနှိုင်းရန် အချိန်ပိုယူသင့်ပါ သည်။
ထို့ပြင်..၊ အချို့မေးခွန်းများသည် “တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်”  တစ်ဦး၏ လုပ်နိုင်လုပ်ပိုင်ခွင့်နှင့် ယှဉ်လျှင် ကြိုးစားအားထုတ်မှု နည်းပါး လွန်းနေသည်။ ကိုယ်စားပြုနိုင်မှုနှင့်ယှဉ် လျှင် အားပျော့လွန်းနေသည်။
ဥပမာ- သတ္တုတူးဖော်ရေးလုပ်ငန်း ကြောင့် သဘာဝဝန်းကျင် ထိခိုက်မှုမေး ခွန်းမျိုး။ မေးသူများက မိမိရွေးချယ်ခံခဲ့ သည့် မြို့နယ်အတွင်း ရွာတစ်ရွာ၊ ကုမ္ပဏီ တစ်ခုခုအတွက်သာ မေးသွားသည်။ ယင်းကိစ္စ ဖြစ်နေသည်က တစ်တိုင်းလုံး။
အလားတူ ကျွန်းစုမြို့နယ်အတွင်း ကမ်းဝေး ဝါလတ်ဝါတန်း(ငါးဆွဲ၊ငါးဝိုင်း)လှေကြီးများ ကမ်းနီးရေပြင်တွင် ဥပဒေမဲ့ သောင်းကျန်း ဖမ်းဆီးနေမှုအား အရေးယူ ပေးရန် အစီအစဉ် ရှိ /မရှိမေးခွန်းမျိုး။ ယင်းအမှုမျိုးကို ကျူးလွန်နေသည်က တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်လုံး..။

 
မိမိ၏မေးခွန်းများ၊ ဆွေးနွေးမည့် အကြောင်းအရာများ၏ ပြဿနာအတိမ် အနက်ကို မဆွေးနွေး မမေးမြန်းခင် လေ့လာရမည်။ ကျယ်ပြန့်မှု အတိုင်း အတာကို ရှုမျှော်မှန်းဆသင့်သည်။ တစ် တိုင်းလုံးနှင့် သက်ဆိုင်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ပီသစွာ တိုင်းအဆင့် ကိုယ်စားပြု မေးမြန်းရမည်။ လိုအပ်က ကိုယ်စားလှယ်အချင်းချင်း ဖြစ်စေ၊ သက်ဆိုင်ရာဌာန၊ ဝန်ကြီး၊ ဃှဥ များနှင့် နှီးနှောကာ အချက်အလက် စုဆောင်းနိုင်ရမည်။ ထိုက်တန်သည့် တန်ပြန်အကျိုးသက်ရောက်မှု ရရှိရန် ကြိုးစားသင့်သည်။
ပြဿနာ၏ အရင်းအမြစ်၊ အကျိုး သက်ရောက်နေမှု အတိုင်းအဆကို ပိုင်ပိုင် နိုင်နိုင် လေ့လာစူးစမ်းပြီးမှ တစ်တိုင်းလုံး အတွက်ခြုံငုံ ချက်ကျလက်ကျ ဖော်ထုတ် မေးမြန်း ဆွေးနွေးသင့်သည်။

 
သို့မဟုတ်ဘဲ မိမိရပ်ရွာပြဿနာကိစ္စ လေးတစ်ခုကိုသာ ကွက်ဖော်ပြမေးမြန်းဖြေရှင်းခိုင်းမိပါက ဆွေးနွေးမှု ဘောင်