မြိတ်မြို့ပေါ် ဆေးရုံ နှစ်ရုံ လူနာများပြီး နေရာအခက်အခဲကြုံ၊ ဆေးဝါး ပြတ်

0
456

မြိတ်မြို့ပေါ်ရှိ ပြည်သူ့ ဆေးရုံကြီး ၂ ရုံတွင် လူနာများသည့်အတွက် နေရာ အခက်အခဲကြုံနေပြီး ဆေးဝါး ပြတ်လပ် နေသည်ဟု မြိတ်မြို့နယ် ပြည်သူ့ဆေးရုံ ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


မြိတ်ပြည်သူ့ဆေးရုံကြီးနှင့် မိခင် နှင့်ကလေး ကုသဆောင် ၂ခုပေါင်း ကုတင် ၂၀၀ ဆန့်သော်လည်း လက်ရှိ တွင် လူနာ ၃၅၀ ဦးခန့် ရှိနေသည်ဟု သက်ဆိုင်ရာ ဆေးရုံကြီးများမှ တာဝန် ကျ ဆရာ၊ ဆရာမများထံမှ သိရသည်။
လက်ရှိတွင် ပြင်ပအလှူရှင်များက လာရောက်လှူဒါန်းထားသည့် ကုတင် များတွင် နေရာချထားကာ ဆေးကုသပေး နေရသည်ဟု ၎င်းတို့က ပြောသည်။

 
” မိခင်နှင့် ကလေးဆေးရုံကြီးမှာ တော့ ကလေးငယ်လူနာတွေ ၁၅၀ ဦး လောက် ရှိပါတယ်၊ အများစုကတော့ ဒီရာသီမှာဖြစ်တတ်တဲ့တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးဖျားနာအဖြစ်များဆုံး ရာသီ ပါ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေမှာ နှစ်စဉ် ဖြစ်ပွားလေ့ ရှိတယ်”  မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြသည်။
ထို့အပြင် ဆေးဝါးများ ပြတ်လပ် နေသည့်အတွက် လူနာရှင်များအား နား လည်အောင် ရှင်းပြပြီး ပြင်ပမှ ဆေးဝါး များ ဝယ်ယူခိုင်းနေရကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ဆေးပြတ်လပ်သည့် ကိစ္စအား အစိုးရအဖွဲ့အားတင်ပြထားပြီး ဖြစ်သည် ဟု ၎င်းက ပြောသည်။