ကွန်ကရစ်တိုင် တင်ကား အိမ်ဝင်တိုက်

0
454

ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် ဇူလိုင်လ ၂၅ ရက် နံနက်က ကွန်ကရစ် တိုင်များ တင်လာသည့် ကားတစ်စီးက အရှိန်လွန်ပြီး နေအိမ်တစ်အိမ်အား ဝင် တိုက်ခဲ့ကြောင်း အိမ်ပိုင်ရှင် ဦးဝင်းရှိန် ထံမှ သိရသည်။

myeik_accident_house
ဝင်တိုက်သည့်ကားသည် ဖိုးသီးချို လျှပ်စစ် ဝန်ဆောင်မှုကုမ္ပဏီမှ ဖြစ်ပြီး ပျဉ်ထောင်အိမ်တစ်လုံးအပြင် လမ်းဘေး တွင် ရပ်နားထားသည့် ဆိုင်ကယ်တစ်စီး လည်း ပျက်စီးခဲ့သည်ဟု သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဟု ပုလောမြို့ခံ ကိုညီညီသွင်က ပြောသည်။ပျက်စီးမှု များကို ဖိုးသီးချို ကုမ္ပဏီက တာဝန်ယူ သွားမည်ဟု ဦးဝင်းရှိန်က ပြောသည်။