၆ လ အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၆၀၀ ကျော်

0
437

ထားဝယ်ဒေသတွင် ပြီးခဲ့သည့် ၆ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၆၀၀ ဦးခန့်ကို အရေးပေါ် ကူညီ ပို့ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေးမှ သိရသည်။


dawei_accident_600ယခင်က ည ၈နာရီခွဲမှ ည ၁ နာရီ ခွဲခန့်အထိ အချိန်အတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့သော်လည်း လက်ရှိ အချိန်တွင် မနက်ပိုင်း အချိန်များတွင်ပါ ယာဉ်တိုက်မှုများ ဖြစ်လာကြောင်း ဇမ္ဗူသီရိအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။လက်ရှိအချိန်တွင် ရေတံခွန်သို့ သွားလာမှုများသည့် ရာသီဖြစ်သည့် အတွက် တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များ တွင်လည်း ယာဉ်တိုက်မှု ပိုများလာ ကြောင်း ဇမ္ဗူသီရိအဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
” ရရှိတဲ့ ဒဏ်ရာတွေက ပြင်းထန်လို့ ဆေးရုံရောက်ပြီးနဲ့ မရောက်ခင် သေဆုံး မှုတွေ ပိုများလာတော့ ဆိုင်ကယ်ကို အရှိန် ပြင်းပြင်း မမောင်းကြ စေချင်ဘူး” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
ယာဉ်တိုက်မူကြောင့် ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် ၉၄ ဦး၊ ဖေဖော်ဝါရီလတွင် ၈၈ ဦး၊ မတ်လတွင် ၁၂၄ ဦး၊ ဧပြီလတွင် ၁၀၂ ဦး၊ မေလတွင် ၈၈ ဦးနှင့် ဇွန်လတွင် ၇၆ ဦးတို့အား ဆေးရုံသို့ ကူညီသယ် ဆောင်ပေးခဲ့ရပြီး ဇူလိုင်လတွင် ၂၇ ရက်အထိ ၇၃ ဦးအထိ ရှိခဲ့ကြောင်း ဇမ္ဗူသီရိမှတ်တမ်း အရ သိရသည်။