ပင်လယ်မှမျောလာသည့် ပုံးအတွင်းမှအရည်ကို သောက်မိရာမှ လူနှစ်ဦး သေဆုံး

0
445

ကော့သောင်းမြို့နယ် ၊ လိပ်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်တွင်  မျောလာ သည့်ပုံးထဲမှ အရည်အား အရက်ထင်ပြီး သောက်မိရာမှ အမျိုးသားနှစ်ဦး သေဆုံးမူ ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။


ယင်းပုံးအား ဇူလိုင်လ ၂၁ ရက်က ငါးဖမ်းနေစဉ် ပင်လယ်ပြင်တွင်း မျော လာသည့်အတွက် တံငါသည် တစ်ဦးက ဆယ်ယူလာခြင်းဖြစ်ကြောင်း သိရသည်။ ပုံးအတွင်းမှ အရည်ကို ရေဖြင့် ရောစပ်ကာ ခွေးအားအရင်ဦးစွာ တိုက် စမ်းခဲ့ရာ တစ်စုံတစ်ရာ ထူးခြားမူ မတွေ့ သည့်အတွက်အရက်ဆီဟု ထင်ပြီး နောက် တစ်ရက်တွင် မိတ်ဆွေ ၂ ဦးနှင့် အတူ သောက်ရာမှ တံငါသည်နှင့် အတူ မိတ်ဆွေတစ်ဦး သေဆုံးခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
” အဲဒီ အရည်တွေသောက်ပြီး ည ပိုင်းမှ သူတို့ ၃ ဦးစလုံး တစ်ပြိုင်တည်း အော့အန်ကြလို့ ဆေးရုံကို အချိန်မီ တင်ပို့အပ်ခဲ့ပေမယ့် လမ်းမှာပဲ  နှစ်ဦး သေဆုံးခဲ့တယ်။ တစ်ဦးကတော့ နည်း နည်းပဲ သောက်ခဲ့လို့ မူးဝေတာပဲ ဖြစ်ခဲ့ တယ်”  ဟု ဆေးရုံသို့ လာပို့သူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး ရဲအုပ် အောင်ဇော်မင်းထွန်းက ဆိုသည်။

 
ပုံးထဲရှိ အရည်များအား မည့်သည့် အရည်ဖြစ်သည်ကို ဓာတ်ခွဲခန်းပို့ စစ် ဆေးသွားမည်ဟု ၎င်းက ပြောသည်။ ဖြစ်စဉ်အား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် ^ မဟုတ် စစ်ဆေးလျက် ရှိသည်။