တိုင်းအတွင်း အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ချုပ်ထားသည့် လုပ်ငန်း ၆၀ ရာခိုင်နှုန်းရှိ

0
393

တနင်္သာရီတိုင်းအတွင်း အလုပ်ရှင် -အလုပ်သမား သဘောတူစာချုပ်( EC ) ချုပ်ဆိုထားသည့် လုပ်ငန်း စက်ရုံအလုပ် ရုံများ၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။


၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ  စက်ရုံ ၁၅၀ ရှိသည့်အနက် စက်ရုံ ၈၁ ရုံတွင် ချုပ်ဆိုထားပြီးဖြစ်ကာ အချို့ စက်ရုံများနှင့် ပင်လယ်ပြင် ငါးဖမ်းလုပ် ငန်းရှိ အလုပ်သမားများ ကျန်ရှိနေသေး ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။
” ငါးဖမ်းလှေ တချို့မှာ EC  စာချုပ် ရှိပေမယ့် အများစုက မရှိကြသေးဘူး”  ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးဟန် ဝင်းအောင်က ပြောသည်။
နဃ စာချုပ် ချုပ်ဆိုရမှန်းမသိ သေးသည့် အလုပ်သမားများရှိနေသကဲ့ သို့ အလုပ်သမားအခွင့်အရေး အပြည့် အဝ မပေးချင်သည့်အတွက် မချုပ်ဆို ချင်သည့် အလုပ်ရှင်များလည်း ရှိနေ သေးကြောင်း ထားဝယ်မြို့မှ အလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးညွန့်နှင်းက ဆိုသည်။
” သက်ဆိုင်ရာဌာနတွေအနေနဲ့ စက်ရုံ၊အလုပ်ရုံတိုင်းကို ကြပ်ကြပ် မတ်မတ် လိုက်စစ်ပေးဖို့ လိုနေသေး တယ်” ဟု ဦးညွန့်နှင်းက ပြောသည်။အလုပ်ခွင်များတွင် အလုပ်သမား ၅ ဦး နှင့် အထက်ရှိပါက အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ် (EC) ချုပ်ဆိုရမည်ဖြစ်ကာ အလုပ်သမားအား အလုပ်ခန့်ပြီး ရက်ပေါင်း ၃၀ အတွင်း (အစမ်းခန့် ကာလမပါ) EC စာချုပ် ချုပ်ဆိုရမည် ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
အလုပ်သမား ဥပဒေအရ အလုပ် သမား ၁၅ ဦးနှင့်အထက်ရှိသည့် လုပ် ငန်းများတွင် အနည်းဆုံးလုပ်ခ လစာ ဖြစ်သည့် တစ်ရက်လျှင် ငွေကျပ် ၃၆၀၀ ပေးရမည်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။သတ်မှတ်ကာလအတွင်း EC  စာချုပ်ချုပ်ဆိုရန် ပျက်ကွက်ပါက အလုပ်ရှင်အား အလုပ်အကိုင်နှင့် ကျွမ်း ကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ထောင်ဒဏ်၆လ(သို့)ငွေဒဏ်၊ ဒဏ်နှစ် ရပ်လုံးကို ဖြစ်စေချမှတ်ခံရနိုင်ကြောင်း ယင်းဥပဒေအရ သိရသည်။