မွန်ပါတီများ ပေါင်းစည်းရေး AMDP ပါတီဝင်လူငယ်များ ဆန္ဒပြ

0
480

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ(AMDP)မှ ပါတီဝင်လူငယ်များက မွန်ပါတီများ ပေါင်းစည်းရေးအတွက် ပါတီတွင်း ဆန္ဒပြမှု တစ်ခု ဇူလိုင်လ ၂၆ ရက်က ဖြစ်ပွားခဲ့သည်။

ဘီလူးကျွန်း (ချောင်းဆုံ) မြို့နယ်၊ အပြိုင်ကျေးရွာတွင် ဇူလိုင် ၂၆ ရက်က ကျင်းပပြုလုပ်သည့် AMDP ပါတီတည် ထောင်ခြင်း ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်နေစဉ် ပါတီဝင်လူငယ်များက       “မွန်ပါတီ ပေါင်းစည်းရေး၊ မွန်လူမျိုး အတွက် မွန်နိုင်ငံရေး ပါတီတစ်ပါတီသာ တည်ရှိရေး” ဟု မွန်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည့် ပိုစတာ များမတ်တပ်ရပ် ကိုင်ဆောင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

amdp_mon
“အများအားဖြင့် ကျွန်တော် အပါ အဝင်ပေါ့ဗျာ မွန်ပါတီ ၃ ပါတီဖြစ်နေ တာကို အလိုမရှိဘူး၊ မွန် ၃ ပါတီဖြစ် နေတဲ့အတွက်ကြောင့် တိုင်းရင်းသား တွေကြားမှာလည်း မျက်နှာငယ်ရတယ်၊ ကိုယ့်သွေးသားအချင်းချင်း သွေးကွဲနေ ရတယ်၊ ဒါကိုပါတီကို အကြိမ်ကြိမ် တင်ပြခဲ့တယ်၊ ကျွန်တော်တို့ လူငယ်တွေ မွန်ပြည်သူတွေ ဖြစ်ချင်တာကို ထုတ်ပြတဲ့ သဘောပါ၊ အဲဒီပွဲမှာ လူငယ် ၇၅ ရာခိုင် နှုန်းလောက် တက်တယ်” ဟု ဆန္ဒပြရာ တွင်ပါဝင်သည့် ပါတီဝင်လူငယ် မင်းကွန် ချမ်းက ပြောသည်။

 
အဆိုပါအခမ်းအနားသို့ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်ကျန် ရစ်၊ နိုင်ချမ်းအောင်နှင့် လွှတ်တော် ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် ဦးအောင်နိုင်ဦးတို့နှင့် ပါတီဝင်များ တက် ရောက်ကြသည်။” ဘာကြောင့် မပေါင်းစည်းနိုင်ရတာ လဲဆိုတဲ့ အကြောင်းအရင်းကို မရှာသ၍၊ မဖြေရှင်းနိုင်သ၍ ပါတီပေါင်းစည်းရေး ကိစ္စကတော့ ရှည်ကြာနေအုံးမှာပဲ၊ ဝေး နေဦးမှာပဲ” ဟု ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် နိုင်ကျန်ရစ်က ပြောသည်။

 
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မွန်နိုင်ငံရေးပါတီတစ်ပါတီ သာရှိရမည်ဟု မွန်ပြည်သူလူထု၊ မွန် သံဃာတော်၊ မွန်လူငယ်၊ မွန်လူမှုအဖွဲ့ အစည်းတို့က မွန်ပါတီများ ပေါင်းစည်း နိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် အကြိမ် ကြိမ် ကြိုးပမ်းခဲ့သော်လည်း ရွေးကောက် ပွဲပြီးသည်ထိ ပေါင်းစည်းနိုင်ခြင်း မရှိခဲ့ပေ။

 

” ဒီလုပ်ရပ်ဟာ ဘီလူးကျွန်း တစ်ခု အတွက်သာမဟုတ်ဘဲ အားလုံးအတွက် ခြေလှမ်းစဖို့ အချက်ပေး တပ်လှန့်လိုက် တယ်လို့ သုံးသပ်ရင် မှားမယ်လို့ မထင် ပါ၊ အားလုံးရင်ထဲမှာ အတွေးတစ်ခု ကိုယ်စီရှိနေကြတယ်ဆိုတာ သတိထားဖို့ ကောင်းပြီး၊ လုံလောက်ခိုင်မာမှုမရှိတဲ့ အကြောင်းပြချက်တွေ ရှင်းလင်းချက်တွေ၊ ကြီးတယ် ငယ်တယ်၊ အတွေ့အကြုံရှိ တယ်။ မရှိဘူး စတာတွေဟာ  အဓိက မကျဘူး။ ပါတီနောက်ခံအင်အား တောင့် တင်းဖို့က ပိုအရေးကြီးပါတယ်”  ဟု လွှတ် တော် ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေ သည့် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်နိုင်ဦးက ပြောသည်။

 
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါ တီသည် ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၄ ဦးဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ ၁၆ နေရာအနိုင်ရရှိထား သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ကိုယ်စား လှယ် ၁ နေရာသာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။