ဘုရင်မပန်းခြံကို အာဇာနည်ပန်းခြံ အမည်ပြောင်း

0
498

မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ဘုရင်မပန်းခြံကို အာဇာနည်ပန်းခြံဟု ဇူလိုင်လ ၁၆ ရက်က အမည်ပြောင်း လိုက်သည်။


ယင်းပန်းခြံတွင် မြန်မာ့လွတ်လပ် ရေးအတွက် အသက်ပေးခဲ့သည့် မြိတ် သား BIA ရဲဘော်များအား ဂုဏ်ပြုပြီး ၁၉၄၁-၄၂ တွင် စိုက်ထူခဲ့သည့် အာဇာ နည်ကျောက်တိုင်တစ်ခုရှိသည်။

 
သက်တမ်းနှစ် ၁၀၀ ကျော်ပြီဖြစ် သည့် ယင်းပန်းခြံအား ဝိတိုရိယ ဘုရင်မ ကြီးအား ဂုဏ်ပြုသည့်အနေဖြင့် ဘုရင်မ ပန်းခြံ၊ ဆိပ်ငယ် ပန်းခြံ၊ လွတ်လပ်ရေး ကျောက်တိုင်ပန်းခြံ စသဖြင့် ခေတ် အဆက်ဆက် အမျိုးမျိုးခေါ်ဆိုခဲ့ကြ ကြောင်း  အာဇာနည်ပန်းခြံနှင့် ပြန်လည် ပြုပြင်မွမ်းမံရေး ကော်မတီဝင်တစ်ဦးက ရှင်းပြသည်။