ဘုရင့်နောင် ကဇာတ်ရုံမြေနေရာအား ရပ်ကွက်ပိုင်မြေလျှောက်မည်

0
483

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ် ကွက်ရှိ ဘုရင့်နောင် ကဇာတ်ရုံမြေနေ ရာအားရပ်ကွက်ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အသုံးပြုနိုင်ရန် ရက်ကွက်ပိုင် မြေအဖြစ် လျှောက်ထားမည် ဖြစ်သည်။ ယင်းမြေနေရာအား အခြားလုပ်ငန်း အတွက် မသုံးဖြစ်သည့်အခြေအနေတွင် ရပ်ကွက်ဖွံ့ဖြိုးရေးအတွက် အများပိုင်မြေ အဖြစ် ရပ်ကွက်နေ ပြည်သူများက လက် မှတ်ရေးထိုး တောင်းဆိုခြင်းဖြစ်ကြောင်း ယင်းမြေကိစ္စ ဦးစီးဆောင်ရွက်ပေးနေသူ များက ပြောသည်။


“ရပ်ကွက်သာရေးနာရေး၊ လူမှုရေး ကိစ္စတွေလုပ်ဖို့ မြေနေရာအတွက် အ သင့်တော်ဆုံးပဲ၊ နောက်ပြီး ရပ်ကွက်အား ကစားကွင်းလုပ်လို့ရတဲ့ နေရာအနေနဲ့လည်း အဆင်ပြေလို့ အခုလိုအများအတွက် ပြန် လျှောက်ဖြစ်တာပါ” ဟု မြေကိစ္စဆောင် ရွက်ပေးနေသူ ဦးအေးနိုင်က ဆိုသည်။ဇာတ်ပွဲ မကဖြစ်သည်မှာ ကြာပြီ ဖြစ်သည့်အတွက် ယင်းနေရာတွင် ည ဘက် မှောင်ရိပ်ခိုပြီး မူးယစ်ဆေး သုံးစွဲသည့်နေရာကဲ့သို့ဖြစ်နေကြောင်း ဦး အေးနိုင်က ပြောသည်။
“အားကစားကွင်းလေး ဖြစ်သွားရင် လူငယ်တွေလည်း အာရုံပြောင်းသွားနိုင် တယ်” ။ ဘုရင့်နောင် ကဇာတ်ရုံနေရာသည် ၁၉၈၀ ဝန်းကျင်က အစိုးရမူလတန်း ကျောင်းနေရာဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်ခန့် တွင်ကျောင်းအနီးရှိ နေအိမ်မီးလောင်ပြီး နောက် စာသင်ကျောင်းဖြိုဖျက်ခံခဲ့ရသည့် နေရာဖြစ်ကြောင်း နေအိမ် မီးလောင် ကျွမ်းရာတွင် ပါဝင်ခဲ့သည့် ဒေါ်နီတွတ်မှ ပြောသည်။
ယင်းနောက် ယင်းမြေနေရာအား ကဇာတ်ရုံ မြေနေရာအဖြစ် အငှားချထား ခဲ့ပြီး ဘုရင့်နောင် ကဇာတ်ရုံအဖြစ်အမည် တွင်လာခဲ့ကာ ယခုအချိန်တွင် အသုံး မပြုတော့သည်မှာ ကြာပြီဖြစ်သည်။