အလှစိုက်ပန်းများ မခူးရ

0
383

ကော့သောင်းမြို့တွင်း လမ်းတစ် လျှောက်နှင့် ပန်းခြံထဲတွင် စိုက်ပျိုးထား သည့် အလှပန်းပင်များမှ ပန်းပွင့်များအား ခူးယူခြင်း၊ သစ်ကိုင်းချိုးခြင်းများ ရှိလာ သည့်အတွက် စည်ပင်သာယာမှ တိုင်း ဒေသကြီး စည်ပင်ဥပဒေအရ  အရေးယူ မှုပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကော့ သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံမှသိရသည်။
dont_flower” ပန်းမခူးရ၊ သစ်ကိုင်းမချိုးရ တွေ့ရှိပါက အရေးယူမည်”  ဟူသော စာပါ ဆိုင်းဘုတ်များကို ပန်းပင်ရှိသည့် နေရာတိုင်းကို သတိပေး စိုက်ထူမည်ဖြစ် ကြောင်း အထက်ပါ အဖွဲ့မှ အမှုဆောင် အရာရှိက ပြောသည်။

 
” ဘုရင့်နောင်ကုန်း၊ ပန်းခြံ၊ လမ်း ဘေးဝဲယာ ပန်းပွင့်တဲ့ အပင် ဘာမှကို စိုက်လို့မရဘူး ပန်းပွင့်တာနဲ့ လာခူးကြ တာ၊ တချို့က သစ်ကိုင်းတွေပါ ချိုးယူ တဲ့အထိရှိတယ်။ ဒါကြောင့် အခုလို စည်းကမ်းထုတ်ရတာ”  ဟု ၎င်းက ဆို သည်။

 
ယင်းသို့ ပြုလုပ်ပါက စည်ပင် သာယာရေး ဥပဒေအရ ပုဒ်မ (၇၃) အရ ငွေဒဏ် လေးသောင်းမှ လေးသိန်းအထိ အရေးယူ အပြစ်ပေးခံရနိုင်ကြောင်း သိရ သည်။