တိုင်း လူဦးရေ၏ ၈၇ ရာခိုင်နှုန်းကျော် ဗုဒ္ဓဘာသာကိုးကွယ် – ဘာသာမဲ့ ဦးရေ ၃၀၀ ကျော်

0
497

တနင်္သာရီတိုင်းဒေသကြီးအတွင်းနေထိုင်သည့်လူဦးရေ၏ ၈၇ ဒဿမ ၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို ကိုးကွယ် ကြကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း၏ ကိုးကွယ်သည့်ဘာသာ အစီ ရင်ခံစာအရ သိရသည်။ မည်သည့် ဘာသာကိုမျှ မကိုးကွယ်သူ ဘာသာမဲ့ လူဦးရေ ၃၂၁ ဦးရှိသည်။


၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရ သန်းခေါင်စာရင်း၊ ပြည်ထောင်စု(ကိုးကွယ်သည့်ဘာသာ) သန်းခေါင်စာရင်း အစီအရင်ခံစာ အတွဲ (၂-ဂ) ကို ဇူလိုင်လ ၂၁ ရက်တွင်                အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

dawei_population_and_religion_2
ယင်းအစီရင်ခံစာအရ တနင်္သာရီ တိုင်းဒေသကြီးတွင် ဗုဒ္ဓဘာသာကိုးကွယ် သူဦးရေ ၁၂ သိန်းကျော်ရှိခဲ့ပြီး တစ်တိုင်း လုံးတွင်ရှိသည့်လူဦးရေ၏ ၈၇ ဒဿမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ယင်းသန်းခေါင်စာရင်းအရ တနင်္သာရီ တိုင်းဒေသကြီးတွင် စုစုပေါင်းနေထိုင် သူဦးရေ ၁၄ သိန်းဝန်းကျင် ရှိသည်။

 
တနင်္သာရီတိုင်းအတွင်း ဒုတိယအများဆုံးကိုးကွယ်သည့်ဘာသာမှာ ခရစ် ယာန်ဘာသာဖြစ်ပြီး လူဦးရေ ၁ သိန်း ရာခိုင်နှုန်းအားဖြင့် ၇ ဒဿမ ၂ ရာခိုင် နှုန်းရှိသည်။ တတိယအများဆုံးကိုးကွယ်သည့် ဘာသာမှာ အစ္စလာမ်ဘာသာဖြစ်ပြီး လူ ဦးရေ ခုနစ်သောင်းကျော် ရာခိုင်နှုန်း အားဖြင့် ၅ ဒဿမ ၁ ရာခိုင်နှုန်းကိုး ကွယ်ကြကြောင်း သိရသည်။ဟိန္ဒူဘာသာကိုးကွယ်သူမှာ လူဦးရေ နှစ်ထောင်ကျော် ရာခိုင်နှုန်းအား ဖြင့် ၀ ဒဿမ ၂ ရာခိုင်နှုန်း ကိုးကွယ်ပြီး နတ်ကိုးကွယ်သူ ငါးရာကျော်နှင့် ဘာ သာမဲ့ သုံးရာကျော် ရှိကြောင်း ယင်းသန်း ခေါင်စာရင်းအစီရင်ခံစာအရ သိရသည်။

 
” အရှိတရားကို အရှိအတိုင်းပဲ လက်ခံရမှာပေါ့။ ဖုံးကွယ်ထားတယ်၊ ထိန်ချန်ထားတယ်ဆိုရင် တချို့က ပုံကြီး ချဲ့ချင်တယ်။ တချို့က ကောလာဟလ ထုတ်ပြန် ချင်တယ်။ သာမန်ပြည်သူ တွေကြားမှာ ထင်ရောင် ထင်မှားတွေ ဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် အရှိ အတိုင်း အမှန်အတိုင်း ထုတ်ပြန်တာဖြစ် တဲ့အတွက် စိုးရိမ်ပူပန်မှု မရှိပါဘူး ” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက အစီရင်ခံစာကို ထုတ်ပြန်ချိန်တွင် မီဒီယာ များအား ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ သန်း ၅၀ ဝန်းကျင်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ မှာ ၄၅ သန်း ကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၈၉ ဒဿမ ၈ ရာခိုင်နှုန်းရှိသည်။

 
သို့သော် သန်းခေါင်စာရင်းကောက် ယူချိန်က ရခိုင်ပြည်နယ်၊ ကချင်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် မကောက် ယူနိုင်ခဲ့သည့် လူဦးရေ တစ်သန်းကျော် ရှိခဲ့ကြောင်း အဆိုပါသန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။သန်းခေါင်စာရင်း မကောက်နိုင်ယူ နိုင်ခဲ့သည့်သူများသည် အစ္စလာမ်ဘာ သာဝင်အများဆုံးဖြစ်သည်ဟု အစီရင်ခံ စာတွင် ယူဆထားပြီး ယင်းယူ ဆချက် အရ တွက်ချက်မည်ဆိုပါက ဗုဒ္ဒဘာသာ ကိုးကွယ်သူ ရာခိုင်နှုန်းမှာ ၈၇ ဒဿမ ၉ ရာနှုန်းအထိ လျှော့နည်းလာမည် ဖြစ် သည်။
သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ သည့် လူဦးရေစာရင်းနှင့် မကောက်ယူ နိုင်ခဲ့သည့်လူဦးရေစာရင်းကို ပူးပေါင်း တွက်ချက်မည်ဆိုလျှင် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတို့နှင့် နှိုင်းယှဉ်ပါက အောက်ပါအတိုင်းတွေ့ရ မည်ဖြစ်သည်။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတို့တွင် ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေစာရင်းကို တိုင်းရင်းသားလူမျိုးများကို အခြေခံ၍ တွက်ချက်ဖော်ပြခဲ့ ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင်မှ တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေမည်မျှ တိုးလာသည် သို့မဟုတ် လျှော့နည်းလာသည်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။

 

ဇယား (၁) ။ ကိုးကွယ်သည့် ဘာသာရပ်အလိုက် စာရင်းကောက်ယူရရှိသော လူဦးရေနှင့် ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ပြည်နယ် အလိုက် ခွဲခြားဖော်ပြသောဇယား
ဇယား (၁) ။ ကိုးကွယ်သည့် ဘာသာရပ်အလိုက် စာရင်းကောက်ယူရရှိသော လူဦးရေနှင့် ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ပြည်နယ် အလိုက် ခွဲခြားဖော်ပြသောဇယား