လူမှုရေးဝန်ကြီး လွှတ်တော်အတွင်း အဖြေလက်တွေ့နှင့် ကွဲလွဲ

0
423

တနင်္သာရီတိုင်း ဒေသကြီး လွှတ် တော်အစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့မှ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး၏ ဖြေကြားချက်မှာ မြေပြင် အခြေအနေနှင့် ကွဲလွဲလျက်ရှိသည်။


မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ် စုတွင် တည်ဆောက်ဆဲ ကျေးလက်ဆေး ပေးခန်း၌ ကျန်းမာရေးဝန်ထမ်း ၄ ဦး ထားရှိပြီး ဖြစ်သည်ဟု ဝန်ကြီးဦးဟိုပင် က လွှတ်တော်အစည်းအဝေးတွင် ဖြေဆိုခဲ့သော်လည်း လက်တွေ့တွင်တစ် ဦးသာရှိကြောင်း မြိတ်မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ရီ ရီချိုကပြောသည်။

 
” သားဖွား ဆရာမတစ်ဦးပဲ ရှိပါ တယ်” ဟု ဒေါ်ရီရီချိုက ပြောသည်။ဇူလိုင်လ ၂၁ ရက်က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် အထက်ပါ ဆေးပေးခန်းကို အပြီးသတ်ဆောက်လုပ်ရေးနှင့် ကျန်းမာ ရေးဝန်ထမ်း ၃ ဦး တာဝန်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့ရာ ဝန်ကြီး ဦးဟိုပင်က ၄ ဦးထားရှိပြီး ဖြစ်သည်ဟု ဖြေကြားချက် အပေါ် ဒေါ်ရီရီချိုက ထပ် ဆင့် ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ် သည်။

 
ဒေါ်ရီရီချို၏ ထောက်ပြပြောဆိုမှု ကြောင့် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ဆေးပေးခန်း၏ဖွဲ့ စည်းပုံ အင်အားမှာ ၄ ဦး ဖြစ်သော ကြောင့် ၃ ဦး ထပ်မံခန့်ထားနိုင်ရန်လုပ် ဆောင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခင် အစိုးရသက်တမ်းကလည်း ယင်းသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဖြေဆိုမှုများ မြေပြင် အခြေအနေများနှင့် ကွဲလွဲခဲ့ ဖူးသည်။