ပုလောတွင်ဘိန်းစာမှုန့်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

0
374

ပုလောမြို့နယ် ဇရပ်ဆိပ်ကျေး ရွာတွင် ဇူလိုင်လ ၂၁ ရက်က ဘိန်းစာ မှုန့်များနှင့် စိတ်ကြွဆေးပြား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပုလောမြို့မ ရဲစခန်းမှ သိရသည်။


ယင်းကျေးရွာရှိ နေအိမ်တစ်အိမ် တွင် မူးယစ်ဆေးဝါးများ သုံးစွဲ^ရောင်း ချနေသည်ဟု သတင်းရသဖြင့် သွား ရောက်ရှာဖွေဖမ်းဆီးရာ ခင်ပွန်းဖြစ်သူမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး၊ ဇနီးဖြစ် သူကို ဘိန်းစာမှုန့် ၁ ထုပ်နှင့် WY စာတန်း ပါ စိတ်ကြွဆေးပြား ၁၃၇ ပြား နှင့်အတူ ရှာဖွေ ဖမ်းဆီးရမိခဲ့သည်ဟု အထက်ပါရဲစခန်းမှ တာဝန်ကျရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ဝယ်တွေ့ရှိသူနှင့် ထွက်ပြေး တိမ်းရှောင်သူတို့အား မယ (ပ) ၅၊ ၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ အရ ပုလောမြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။